အပိုင်း(၅၅)

2.2K 5 0
                                    

"အင်း.....ဟုတ်ကဲ့........ကျေးဇူးပဲနော်...ကိုဇော်မင်းရေ"

".............."

"ကျနော်က အခု မိန်းမနဲ့ ခရီးထွက်နေတာလေ"

တစ်ဖက်က ခပ်နောက်နောက်စကားကြောင့် သတိုးရယ်လိုက်မိသည်။

"ဟား.....ဟား......ဟား....ဟုတ်ပါပြီဗျာ"

"...................."

"ကျနော် ရန်ကုန်လာဖြစ်ရင် ကိုဇော်မင်းတို့နဲ့ လာတွေ့အုံးမယ်ဗျာ"

".............."

"ဟုတ်ကဲ့....ဟုတ်ကဲ့........ဒါဆို ကျနော် ဖုန်းချလိုက်ပြီနော်"

သတိုးက ရေကူးရုံအသစ်ဆောက်နေသည့် ကိစ္စနှင့်ပက်သက်ပြီး အနည်းငယ်အလုပ်ရှုပ်နေသည်။

ဟန်နီးမွန်းခရီးစဉ်ထိအောင် ထိုကိစ္စက တန်းလန်းကြီးပါလာသေးသည်။

အခုတော့လည်း ပြီးသင့်သလောက်ပြီးနေပြီ။

သတိုးတို့မြို့ကို ပြန်ရောက်လျှင် ဖြတ်စရာကိစ္စက နည်းနည်းပဲကျန်တော့မည်။

ပြီးလျှင် ရုံ ဖွင့်လို့ရတော့မည်။

"ချလောက်"

သတိုး ရေချိုးခန်းတံခါးဖွင့်လိုက်သည်။

သတိုးက မြနှင့် ချစ်တင်းနှောပြီး နေ့လည်တရေးတမောအိပ်ပြီး ပြန်အားဖြည့်နေသော ဦးဇော်မင်းဆီက ဖုန်းလာလို့ နိုးသွားရခြင်းဖြစ်သည်။

ဒီနေ့က သတိုးတို့ ဟန်နီးမွန်း နောက်ဆုံးရက်လေးပင်။

မနက်ဖြန်ဆို သတိုးတို့ ပြန်ရတော့မည်။

အိမ်ပြန်ရောက်လျှင် အလုပ်ကိုယ်စီကိုယ်စီ ပြန်ဝင်ရတော့မည်။

အခုလိုမျိုး စက္ကန့်အချိန်အကြားမလပ်နိုင်အောင် ချစ်စခန်းဖွင့်နိုင်တော့မည် မဟုတ်ပါ။

ဒီနေ့က အတူတူရှိနေနိုင်မည့် နောက်ဆုံးရက်ကလေးပင်။

ရေချိုးခန်း တံခါးဆွဲဖွင့်လိုက်တော့ ရေချိုးခန်းထဲက Bathtub ထဲမှာ ရေစိမ်နေသော မြက လန့်သွားသည်။

"ကိုကိုရယ်"

မြ ကိုယ်လုံးလေး တစ်ချက်တုန်သွားကာ ဟာလာဟင်းလင်းဖြစ်နေသော ရင်ဘတ်ကို အလိုလို ယှက်ကာ ရလိုရငြား ဖုံးဖိထားမိသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now