အပိုင်း(၄၁)

3.9K 16 3
                                    

"🎶🎶🎶အတူတူဆိုရင်.....ပန်းခင်းတဲ့ လမ်းတွေနဲ့ ဘဝမှာ

အတူတူဆိုရင်.....လှိုင်းကြမ်းလည်း ဖြတ်ကျော်ဖို့ မကြောက်ပါ

အတူတူဆိုရင်.....ဒုက္ခရဲ့ ဘဝပင်လယ်ထဲ စီးမျောကြမှာ

အားသစ်များ ဖန်ဆင်း.....တို့နှစ်ယောက်ရဲ့ ချစ်ခြင်း

တို့နှစ်ယောက် ကိုးကွယ်တဲ့ ချစ်ခြင်း🎶🎶🎶"

ခပ်ဩဩ ဝိုင်းဝိုင်းအသံနှင့် ခပ်ရှရှ မဒီ အသံက ကားထဲရှိ soundbox မှာတစ်ဆင့် သတိုးနဲ့ မြတို့ဆီ သာယာစွာ ပျံ့လွင့်သည်။

သတိုးက Toyota Probox ကားလေးနဲ့ ပဲခူးရိုးမဆီ မောင်းဝင်လာခဲ့ခြင်းဖြစ်သည်။

သတိုးတို့နယ်မြို့လေးမှ ပဲခူးရိုးမဆီသို့ ကားမောင်းထွက်လာသည်မှာ အခုဆို (၃)နာရီကျော်ကျော်လောက်ရှိပြီ။

နောက်ထပ်တစ်နာရီလောက်ဆက်မောင်းလျှင် ရောက်မည်ဟုပြော၏။

သီချင်းသံကြား သတိုးရော၊ မြပါ လိုက်ပါညည်းဆိုနေကြသည်။

သတိုးကတော့ ခရီးသွားမည်ဆိုသဖြင့် အစိမ်းရင့်ရောင် Polo ရှပ်နှင့် ဂျင်းဘောင်ဘီ မှိုတက်ကို ဝတ်ဆင်ထားပြီး နေကာမျက်မှန်ပါ တပ်ထားတော့ ကြည်လင်သန့်ရှင်းနေသည်။

ဘေးမှာထိုင်နေသည့် မြလည်း ပေါ့ပေါ့ပါးပါးလေးပင် ဝတ်ဆင်ထားသည်။

ချီဖွန်အသားပျော့ပျော့၊ မိတ်ကပ်ရောင် နောက်ခံပေါ် အညိုရောင်ပန်းပွင့်ကြီးတွေ ဆွဲထားသည့် လည်ထောင်အပိတ်၊ လက်ရှည်နှင့် Chino pant ကွာတား အညိုရောင် လေးကို ဝတ်ဆင်ထားသဖြင့် မြလည်း လွတ်လပ်ပေါ့ပါးနေသည်။

မြက သီချင်းလေးဆိုလိုက်၊ ပျင်းလာရင် ကားခုံပေါ်လှဲအိပ်လိုက်နှင့် ဇိမ်ကျလွန်းနေသည်။

သတိုးလည်း စိတ်ပြေလက်ပျောက် ခရီးမထွက်ရသည်မှာ ကြာလှပြီ။

အထူးသဖြင့် ချစ်ရသောသူတွေနှင့် သွားရသည့် ခရီးဆိုပြီး မရှိသလောက်ပင်။

အလုပ်ကိစ္စနှင့် သွားရတာများသည်။

အခုတော့ မိန်းမအသစ်စက်စက်နှင့် ခရီးထွက်ရသည်မှာ ဘယ်လောက်တောင် ပျော်စရာကောင်းနေသလဲဆိုတာ စကားနဲ့တောင် အတိအကျ မဖော်ပြတတ်တော့။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now