အပိုင်း(၆၁)

2K 7 0
                                    

"ကူးကူး၊ ဒီမှာ နင်လိုချင်တာတွေ ငါ အကုန်ဝယ်လာတယ်...ရော့"

"ဟယ်....ဒါက ကူးကူးကြိုက်တဲ့ မုန့်၊ ဒါက ကူးကူးလိုချင်နေတဲ့ အင်္ကျီ ။ မမ က သိပ်ချစ်ဖို့ကောင်းတာပဲ"

"တော်ပါ။ ပြီးရင် အိမ်ရောက်ရင် ကန့်ကန့်လန် ပြန်ပြော သိလား"

နရီတို့ ညီအစ်မနှစ်ယောက်က နီးတကျက်ကျက်၊ ဝေးတသက်သက်ဟု ဆိုရမလားပင်။

အိမ်မှာရှိတုန်ရကတော့ သိပ်မတည့်ကျ။

ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်နဲ့။

အခု ကူးကူးကို ဘော်ဒါပို့လိုက်တော့ ညီအစ်မနှစ်ယောက် (၃)၊(၄)လ ကြာမှ ပြန်တွေ့ပြီး အလွမ်းသယ်နေကြသည်။

အစကတော့ နရီမှာ ကူးကူးကို ရန်ကုန်တွင် ဘော်ဒါပို့ရန် စိတ်ကူးမရှိ။

နရီတွင်လည်း ဆေးရုံပြေးလိုက်၊ လိုအပ်ပါင Special care လိုသဖြင့် Nurse aid ခေါ်လျှင် ဝင်လုပ်လိုက်နှင့် အိမ်နှင့် သိပ်အစေးမကပ်လှ။

ဆယ်တန်းရောက်နေပြီဖြစ်သည့် ကူးကူးက အုပ်ထိန်းမှုလွတ်သလို ဖြစ်သွားကာ စာဆီ အာရုံသိပ်မရတော့။

အချိန်ရှိတိုင်း ဒီ internet ပေါ်က K pop idol တွေကိုသာ အသည်းအသန်ဖြစ်နေတော့သည်။

အစပိုင်း နရီလည်း ခွင့်ပြုထားပေမဲ့ နောက်ပိုင်း ကူးကူးက စာတောင် အာရုံမရှိတော့။

ထို့ကြောင့် ဒီအတိုင်း ဆက်သွားရင် မဖြစ်တော့ဘူး ထင်ကာ နာမည်ကြီး ရန်ကုန်က ဘော်ဒါဆောင် တစ်ခုဆီ ပို့ပစ်လိုက်သည်။

သိန်း ဆယ်ချီကုန်ပေမဲ့ နရီ မနှမြော။

သူမတွင် ကူးကူးဘဝလေးအဆင်ပြေအောင် လုပ်ပေးရန် တာဝန်အပြည့်အဝရှိသည်ဟု ခံယူထားသဖြင့် ဒီပိုက်ဆံတွေကို နှမြောတသစိတ်လုံးဝမဖြစ်မိ။

ကူကူးက သူမကို ဘော်ဒါပို့မယ်မှန်းသိတော့ မသွားချင်ပါဟု ဂျစ်တိုက်သေးသည်။

သို့သော် နရီ အလျော့မပေးဘဲ ရအောင် ဘော်ဒါပို့ပစ်လိုက်သည်။

ဘော်ဒါဆိုတော့ အကုန်စားချိန်၊ အိပ်ချိန် သူ့အချိန်နဲ့ သူ။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now