အပိုင်း(၆)

6.4K 22 0
                                    

()လခန့်ကြာသော်

"ဗွမ်း....ဗွမ်း........ဟုတ်ပြီ....မကြောက်နဲ့...ရဲရဲသာကူး....ဟုတ်ပြီ.....ဟုတ်ပြီ"

"ဗွမ်း......ဗွမ်း........ဗွမ်း......ဗွမ်း.......ဗွမ်း"

"ဟုတ်ပြီ......ပါးစပ်ထဲရေဝင်မှာ မကြောက်နဲ့......ဘယ်လိုရေပြန်ထုတ်ရမလဲ သင်ထားပြီးသား......ဟုတ်ပြီ......ဟုတ်ပြီ"

သတိုး အလုပ်ထဲတွင် သင်တန်းပြနေခြင်းဖြစ်၏။

ရေကူးဝတ်စုံလက်ရှည်နှင့် ဘောင်းဘီရှည်အကြပ်အတိဝတ်ထားပြီး သင်ပြနေတဲ့ သတိုးအသွင်က ကြည့်ကောင်းလှသည်။

ရေကူးဝတ်စုံအောက် ရင်အုပ်ကားကားကြီးက ကြွတက်နေသည်။

အထူးသဖြင့် ဘောင်းဘီဂွကြားဖုဖောင်းနေသည့်အရာ။

မထန်ဘဲ ပုံမှန်ဖြစ်နေသည့်အချိန်မှာလည်း သတိုးပစ္စည်းက ဖုဖောင်းကြွနေ၏။

"ရွှီ"

ဝီစီမှုတ်ပြီး သင်တန်းရပ်လိုက်သည်။

ပြီးပြီ ဒီနေ့အတွက်။

"Good bye ပါ ဆရာ"

"အေး...အေး.....ဂရုစိုက်ပြန်ကြအုံး"

"ဆရာ...ပြန်ပြီရှင့်"

ဒီနေ့အချိန်မှာ ပြနေသည့်အချိန်က သင်တန်းသား (၃)ယောက်မျှသာ။

ဆယ်ကျော်သက်အရွယ် ရည်စားဖြစ်ဟန်တူသည့် ကောင်လေးနှင့် ကောင်မလေး စုံတွဲတစ်တွဲနဲ့ "ဒေါ်မူယာကြည်အေး" တစ်ယောက်သာ။

ကလေးတွေက အသက်လည်းငယ်သည်၊ သင်လွယ်တတ်လွယ်သည်ဆိုတော့ ခဏလေးပြလိုက်လျှင် တော်တော်ဟုတ်နေပေမဲ့ သေချာဂရုစိုက်ထပ်မံပြရသည်က မူယာကိုသာ။

အသက် (၃၉)ကို ဒီနှစ်ကုန်လျှင် (၄)ထိပ်စည်းပြောင်းမည့် မူယာကို ကြီးမှ ဝက်သက်ပေါက်နေသည်ဟု မဆိုချင်။

မူယာမှာ လုပ်စရာအလုပ်မှ မရှိဘဲ။

ဖဲချည်းရိုက်နေရတော့ ကြာလာလေ လူက ထိုင်းမှိုင်းလာသည်။

ယောကျ်ားဖြစ်သူ "ဦးကိုကိုလွင်" ကလည်း သင်္ဘောသား။

တစ်နှစ်လုံးနေကာမှ အိမ်မှာ (၂)လ၊ (၃)လမျှသာ နေသည်။

ဒါတောင် အိမ်တွင် အစေးကပ်လှသည်မဟုတ်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now