အပိုင်း(၂၈)

3.8K 18 0
                                    

ဒေါ်တင်မူက ဒီစကားတွေကို ပြောချင်နေတာကြာပြီ။

ပြောကို ပြောမှဖြစ်တော့မည့် အခြေအနေကိုလည်း ဆိုက်ရောက်လာသည်။

ဒေါ်တင်မူက အိမ်ထဲကနေ အပြင်ကို သိပ်ထွက်လေ့မရှိဘဲ အိမ်မှာပဲ အိမ်မှုကိစ္စတွေလုပ်လိုက်၊ မြေးလေးကို ချစ်လိုက် လုပ်နေသော်လည်း အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာကိုတော့ အတော်အသင့် နားစွင့်မိသည်။

အထူးသဖြင့် မနက်ဆို အိမ်မှာ အိမ်အလုပ် လာလာလုပ်ပေးသည့် "စိန်စိန်" ရှိနေတော့ အတင်းရော၊ သတင်းရော အစုံသိရသည်။

ကိုယ့်သားမက်ဖြစ်သူက အပြင်မှာ တခြားမိန်းမတစ်ယောက်နဲ့ တွဲသွားတွဲလာရှိနေမှန်း စိန်စိန်မှ တဆင့် ဒေါ်တင်မူသိရသည်။

ဘယ်လို မိန်းကလေးမျိုးနှင့်တွဲနေမှန်း ဒေါ်တင်မူ မသိ။

အကယ်၍ ကိုယ့်သားမက်နှင့်တွဲနေသည့် အမျိုးသမီးက လင်ကြီးငုတ်တုတ်နဲ့မှန်းသာ သိခဲ့ပါလျှင် ဒေါ်တင်မူ ပိုတောင် ခံစားရအုံးမည်။

ဒါပေမဲ့ ဒေါ်တင်မူ စဉ်းစားခန်းဝင်ရလေတော့သည်။

ကိုယ့်သားမက်ဖြစ်သူ သတိုးက အခုမှ အရွယ်လေးကောင်းတုန်း။

အခုတော့ မိန်းမဆုံးပြီးကာစမို့လို့ တယောက်တည်းနေနေပေမဲ့ တချိန်ချိန်မှာ နောက်အိမ်ထောင်ပြုနိုင်တာပင်။

အကယ်လို့များ နောက်မိန်းမထပ်ယူခဲ့လျှင် ကိုယ့်မြေးဖြစ်သူ သီဟအတွက် ခက်ပေတော့မည်။

ကိုယ့်မြေးက တခြား သူစိမ်းမိန်းမတစ်ယောက်ကို မိထွေးတော်ရမှာပင်။

အခု လူပျိုပေါက်လေးဖြစ်လာတော့ ဘယ်လိုမှ မိထွေးနဲ့သား က တည့်နိုင်စရာ အကြောင်းမရှိ။

နောက်ထပ် သတိုးက တခြားမိန်းမစကားကိုစာ ယုံပြီး မြေးဖြစ်သူကို ရိုက်လား၊ နှက်လား၊ ဆူလား၊ ဟောက်လား လုပ်ရင်။

အမယ်လေး....လေး....လေး။

ရင်ကျိုးရချည်ရဲ့။

အတွေးပေါင်းစုံနဲ့ လုံးချာလည်ပြီးသည်နောက် နောက်ဆုံး ဒေါ်တင်မူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now