အပိုင်း(၃၁)

4K 22 4
                                    

မောင်သတိုးအောင်+မမြစန်းရီ

မင်္ဂလာညစာစားပွဲ

၁၁.၁၁.၂၀၁၉

ဒီနေ့ သတိုးတို့ လက်ထပ်ကြသည်။

မနက်က ဘုန်းကြီးကျောင်းတစ်ခုမှာ မင်္ဂလာဆွမ်းကျွေးပွဲအကျဉ်းရုံးလုပ်ခဲ့သည်။

ဆွမ်းကျွေးအပြန် အသိသက်သေများနှင့် တရားရုံးတွင် လက်မှတ်လည်း ထိုးခဲ့ကြပြီးပြီ။

အခုညကဟိုတယ်တစ်ခုတွင် Dinner လုပ်နေကြခြင်းဖြစ်သည်။

ပွဲကလည်း လူနည်းနည်းနှင့် ပျော်စရာကောင်းမည့်ပုံစံမျိုး စီစဉ်ထားသည်။

သတိုးအသိမိတ်ဆွေတချို့၊ မြသူငယ်ချင်းတွေ၊ အလုပ်က အလုပ်သမားကလေးတွေ၊ ဒေါ်တင်မူ မိတ်ဆွေ အချို့မျှသာ။

"မြ ကောင်မစုတ်...ညည်း လင်ရသွားတာ တို့တွေ ပျော်တယ်အေ"

မြ၏ သူငယ်ချင်းအချို့က လှမ်းပြောသည်။

"ဟဲ့ နင်တို့ လက်မထပ်ခင် ဘာပြီးပြီးလား"

"ဘာလဲ"

"ဟိုကိစ္စလေ"

"ဟင့်အင်း"

"တကယ်လား"

"တကယ်"

"ဟယ် ကောင်မ....ညည်းတော့ ဒီည နတ်ပြည်ရောက်တော့မှာပေါ့"

"ဟဲ့...နင် ပေါက်တတ်ကရတွေ"

မြ သူငယ်ချင်း အိမ်ထောင်သည်တွေက အပျိုမလေး မြကို လှမ်းစနေသည်။

တကယ်လည်း သတိုးနဲ့ မြက လက်မထပ်ခင်ထိ ကျူးကျူးလွန်လွန် မဖြစ်သေးပေ။

မြကို ခေတ်နောက်ပြန်ဆွဲနေသည် ဆိုဆို။

ကိုယ့်နဲ့ လက်ထပ်မည့် အမျိုးသားကို မင်္ဂလာဦးညမှသာ မိမိ၏ အပျိုစင်ဘဝကို အပ်နှင်းချင်သည့် စိတ်ဆန္ဒ မြတွင် အမြဲတမ်း ဆန္ဒရှိသည်။

ထို့ကြောင့် ကိုကိုနဲ့ မြ ဘာမှ အဆုံးစွန်ထိ မသွားခဲ့ပေ။

တအိမ်တည်း ရှိနေသူတွေပီပီ ဒေါ်တင်မူမသိအောင် ချိန်းတွေ့ကြလျှင် အဖိုအမတို့ သဘာဝအရ ပွေ့ကြ၊ ဖက်ကြ၊ နမ်းကြတာတွေတော့ရှိသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now