အပိုင်း(၆၅)

1.7K 4 0
                                    

ဦးဇော်မင်းက အခုသတိဝင်လာကာ

"ဖြောင်း.....ဖြောင်း.....ဖြောင်း...ဖြောင်း....ဖြောင်း...ကောင်းတယ်ဟေ့....ကောင်းတယ်"

ဦးဇော်မင်း၏ လက်ခုပ်သံက တစ်ခန်းလုံးငေးမောနေမှုကို အသိစိတ်ကပ်စေသည်။

ပြီးနောက် သူတို့လည်း လက်ခုပ်တီးလိုက်ကြသည်။

သတိုးရင်ထဲမှာတော့ အရက်ကြောင့်လည်းကောင်း၊ ထို Candy ဆိုသော ကောင်မလေး၏ ပူလောင်သော အလှကြောင့်လည်းကောင်း စိတ်တွေ ထကြွ ပူလောင်နေလေပြီ။

"မောလိုက်တာ ကိုကြီး"

နရီက သီချင်းဆိုပြီးနောက် သတိုးနံဘေးမှာပင် ဆက်လာထိုင်သည်။

အဝတ်လွတ်နေသည့် နရီလက်မောင်းသားလေးတွေ၊ လည်တိုင်ကြော့ကြော့လေးတွေက ချွေးတွေနှင့် ဝင်းလက်နေသည်။

သတိုးက အလိုက်တသိ တစ်ရှူးကမ်းပေးလိုက်သည်။

"Thank you နော် ကိုကြီး....သမီးလည်း အခုကိုကြီးသောက်နေတာ သောက်ချင်တယ်"

"ကိုယ်သတ်သတ်မှာပေးရမလား"

"ဟင့်အင်း...ကိုကြီးသောက်နေတဲ့ ခွက်ထဲကာဟာပဲသောက်ချင်တာ"

"အင်း"

သတိုးက မိမိသောက်လက်စ အရက်ခွက်ကို နရီဆီ ပေးရမလို၊ မပေးရမလို ဗျာများနေရသည်။

"ဘာလဲ...ကိုကြီးခွက်ကို သမီးယူသောက်မှာ မကြိုက်တာလား"

"ယူဗျာ....ယူဗျာ......သောက်လို့ရပါတယ်ဗျာ"

နရီ ထိုလူကြီးက စနေရသည်ကို ရင်ထဲပျော်နေမိသည်။

သူသောက်လက်စအရက်ခွက်ကို မိမိပါ ယူသောက်လိုက်သည်။

ပြင်းပြသည့် အရက်အရသာက လည်ချောင်းဝတွင် ပူလောင်သည့် အရှိန်ကို စတင်သိရှိသည်။

ပြီးနောက် ရင်ဝသို့တလျှောက် လောင်မြိုက်စွာ ကျဆင်း၏။

ပြင်းလိုက်သည့် အရက်။

နရီ တစ်ငုံလောက်သောက်လိုက်သည်နှင့် မျက်ကြောတွေပါ ရှုံ့သွား၏။

"အား....ကိုကြီးအရက်က တော်တော်ပြင်းတာပဲ"

"ဒါကြောင့် ကိုယ်က Candy ကို အစကတည်းက မပေးချင်သလိုလို လုပ်နေတာ။ Candy က ကိုယ့်ကို စိတ်ဆိုးပြီး ဇွတ်ယူသောက်တာကို"

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now