အပိုင်း(၄၀)

4.2K 15 3
                                    

ဒီဇင်ဘာလ၊ ၂၀၁၉ ခုနစ်

ဒီနေ့ လင်မယားနှစ်ယောက်စလုံး လန်းဆန်းနေကြသည်။

မနက်ဖြန်မနက် သူတို့ ဟန်းနီးမွန်းထွက်ရန် ပြင်ဆင်နေကြသည်။

အစကတော့ ကမ်းခြေသွားရန် စိတ်ကူးရှိပေမဲ့ နောက်ဆုံးကျ ထူးထူးခြားခြားလေးနဲ့ အမှတ်တရရှိအောင် လူတွေ သိပ်သွားလေ့မရှိသည့်နေရာကို ရွေးချယ်လိုက်သည်။

ထိုနေရာက ပဲခူးရိုးမထဲမှာဖွင့်ထားသည့် Eco Resort ကိုပင်။

မသွားခင် တစ်ရက်မှာ လိုအပ်တာတွေ ဝယ်ရန်ခြမ်းရန် Easy mart ဆီ နှစ်ယောက်သား ရောက်နေကြသည်။

"🎶🎶🎶 နာရီသံတွေ ဆူညံလို့နေ

ရင်ခုန်သံတွေ မြန်တယ် အချစ်ရေ

ငိုချင်ပါတယ် မျှော်လင့်ခြင်းတွေ

တို့တစ်တွေ ဒီအချိန်ဟာ နောက်ဆုံးလား 🎶🎶🎶"

ထူးအိမ်သင်သီချင်းက Mart ထဲ ပျံ့လွင့်လွင့်။

မြက အရှေ့ကနေ လိုအက်တာတွေ ဝယ်ထည့်နေသည်။

"မြတို့ ခရီးသွားတုန်း မေမေနဲ့ သီဟအတွက် လိုအပ်တာတွေ ဝယ်ခဲ့ရအုံးမယ်"

"မြကလေး သဘော"

သတိုးက ဈေးခြင်းတွန်းလှည်းနဲ့ မြနောက်နေ တကောက်ကောက်လိုက်နေသည်။

"ဒါလေးရော....ဒါလေးရော။ ကိုကို Coca Cola သောက်မလား။ Pepsi သောက်မလား"

"Cola ပဲ သောက်မယ်"

"အင်း"

နှစ်ယောက်သား မေးလိုက်၊ ပြောလိုက်နှင့် လိုအပ်တာတွေ ဝယ်ခြမ်းနေကြသည်။

မူယာလည်း ဒီနေ့ အိမ်အတွက်လိုအပ်တာတွေ ရှိနေသဖြင့် တိုလီမိုစလေးတွေ လာဝယ်သည်။

ဈေးဝယ်နေတုန်း သတိုးဟု ထင်ရသည့် အရိပ်အယောင်ကို လှမ်းမြင်လိုက်ရသလို။

ရင်ထဲ သိမ့်ခနဲ့ ဖြစ်သွားသည်။

သေချာအောင် နောက်ကနေ လိုက်ကြည့်ပြီး ခေါ်လိုက်သည်။

"မောင်"

သတိုးက ကိုယ့်အာရုံနဲ့ ကိုယ် မကြားမိ။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now