အပိုင်း(၇၇)

1.9K 6 0
                                    

"အင့်"

နရီ လူးလွန့်လာသည်။

မျက်လုံးကို အရင်ဖွင့်ကြည့်ကြည့်တော့ မြင်ကွင်းမှာပေါ်လာသည်က အိပ်မောကျနေသည့် တစိမ်းယောကျ်ားတစ်ယောက်။

ဘယ်သူပါလိမ့်။

"ကျစ်"

ညက ဘာဖြစ်သွားပါလိမ့်။

အတွေးတွေက ရုပ်ရှင်ထဲက အနှေးပြကွက်လို တစ်ခုချင်းစီ အတွေးထဲ စီကာရီကာပေါ်လာသည်။

ညက ကူးကူးနဲ့တွေ့အပြီး အရင် KTV က မကြယ်တို့နှင့်သွားတွေ့သည်။

မကြယ်နေမကောင်းသဖြင့် ဂျာကြီးကို ခွင့်ပန်ကာ မကြယ်အစား ဝင်ပေးခဲ့သေးသည်။

ပြီးနောက် ဝိုင်းထဲက ကိုလူချောနှင့် သူနေတဲ့ ဟိုတယ်ဆီသို့ after ဆက်သည်။

အခန်းထဲရောက်တော့ ဘတစ်ပြန်၊ ကျားတစ်ပြန် ချစ်စခန်းဖွင့်ကြသည်။

မောမောနဲ့ အိပ်ပျော်သွားကြပြီး အခုမှ နရီ နိုးလာခြင်းဖြစ်သည်။

အခုကုတင်ပေါ်က ကိုယ့်အခြေအနေကို ပြန်လန်ဆန်းစစ်ကြည့်သည်။

အလိုဘေး။

သူ့ကို နရီက ဖက်ခေါင်းအုံးလို သဘောထားကာ အားရပါးရတက်ခွထားပါလား။

သူ့ရင်အုပ်ကျယ်ကြီးကို ဖက်အုံးကို သဘောထားက အားပါးတရ တက်ဖက်ထားသည်။

သူကတော့ တရှူးရှူးနှင့် အိပ်ပျော်နေတုန်း။

နရီရော၊ သူ့ကိုယ်မှာပါ အဝတ်ကင်းမဲ့လျက်။

နရီ ပစ္စလခတ်ဖြစ်နေသော ကုတင်ခြေရင်းနားက စောင်ကို ယူကာ ရင်ကို လွှားလိုက်သည်။

အခုမှ ပုံမှန်အသိစိတ်ကြောင့် ရှက်စပြုလာလေပြီ။

နာရီကြည့်လိုက်တော့ မနက်(၅)နာရီတောင်ထိုးတော့မည်။

နရီ ပြန်ချင်ပြီ။

နိုးလာလို့ နှစ်ယောက်သားဆုံလျှင် ဘာစကားဆိုလို့ ဆိုရမှန်း သိကြမှာမဟုတ်။

ညကတော့ အရက်အရှိန်ကြောင့်လည်းကောင်း၊ ည၏အကာအကွယ်ကို ယူပြီး ဆိတ်ကွယ်ရာကို ရောက်နေသည်က တစ်ကြောင်း ရူးရူးမိုက်မိုက်ဖြစ်ခဲ့ကြသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now