အပိုင်း(၄၅)

4.3K 18 6
                                    

"စားကောင်းလား"

"အင်း...ကောင်းတယ်....ဗိုက်ကိုတင်းသွားတာပဲ"

"ပြီးရင် ကိုကိုတို့ ပြန်မယ်လေ"

Resort ၏ Dinning room မှ စကားလေးတပြောပြောဖြင့် မိမိတို့ ဘန်ဂလိုအိမ်လေးရှိရာ လမ်းလျှောက်ပြန်နေကြသည်။

December လ လည်းဖြစ်ပြန်၊ နေရာကလည်း သစ်ပင်ပန်းမာန်တွေပေါသည့်နေရာဆိုတော့ ရာသီဥတုက အေးအေးစိမ့်စိမ့်လေးနှင့် နေလို့ကောင်းလှသည်။

ရှူရှိုက်နေရသော လေထုကအစ ပို၍သန့်စင်လန်းဆန်းနေသလို။

လမ်းမီးတိုင်လေးတွေက လူသွားလမ်းတလျှောက် စီစီရီရီစိုက်ကာ ထွန်းပေးထားသည်။

"အိမ်လေးတွေက ချစ်စရာနော်"

မြလည်း အခုမှ ပတ်ဝန်းကျင်အနေအထားကို စူးစမ်းအကဲခတ်မိသည်။

ရောက်စကတည်း ထိုနေရာတွေကို ဖြတ်လာခဲ့သော်လည်း ခရီးပန်းပန်းနဲ့ ပတ်ဝန်းကျင်ကို သေချာမကြည့်မိ။

အခုက အိပ်ရေးလည်းဝ၊ ဗိုက်လည်းဝပြီး စိတ်ကြည်လင်လန်းဆန်းနေသဖြင့် သေချာသတိထားမိတော့သည်။

"ဟုတ်ပနော်"

"ကိုကိုက နေရာသိပ်ရွေးတတ်တာပဲ"

"ဟုတ်လား.....ဒါဆို အာဘွားပေး"

"ကိုကိုနော်.....လမ်းလယ်ခေါင်ကြီးမှာ.....ကိုကိုသိလား....ကိုကိုက ကြာလာလေ ကြာလာလေ ကလေးဆိုးကြီးလိုပဲ"

လက်ဖဝါးနှစ်ခု မြဲမြဲဆုပ်ကိုင်ကာ လမ်းလျှောက်နေသော်လည်း သတိုးက အနမ်းပေးရန် တောင်းဆိုနေလေသည်။

"ကိုယ့်မိန်းမမို့လို ကိုယ်ဆိုးတယ်လေ.....အာဘွားပေး"

"ဟင့်အင်း...ရှက်တယ်"

"ပေးကွာ"

"ဟင့်အင်း"

မြက သတိုးလက်ကို ဖြုတ်ကာ ရုတ်တရက်ပြေးထွက်သွားသည်။

သတိုးက ကြောင်စီစီအနေအထားနှင့် ကျန်ရစ်နေတုန်း မြက လှမ်းအော်ပြောသည်။

"လိုက်လို့မှီရင် လိုက်လေ....လူဆိုးကြီးရဲ့"

သတိုးသိလိုက်ပြီ။

မြက မိမိကို ကျီစားနေမှန်း။

"အေး...မိရင်မလွယ်ဘူးနော်...မြကလေး...ကိုကိုလာပြီ"

လူကြီးတန်မဲ့ ကလေးလေးတွေလို စိန်ပြေးတမ်းလိုက်တမ်းကစားနေကြသည်။

လမ်းသွားလမ်းလာ ဧည့်သည့်အနည်းငယ်မျှသာရှိလို့ တော်တော့သည်။

မြ ရှေ့ကနေပြေးသည်။

သတိုး နောက်ကနေ လိုက်သည်။

မြ နောက်လိုက်နေရင်း ပြေးလွှားခုန်ပေါက်မှုနှင့်အတူ တုန်ခါနေသည့် မြတင်ပါးလုံးလုံးကျစ်ကျစ်တွေကို ကြည့်ပြီး သတိုး ပြစ်မှားမိနေတော့သည်။

"အေး.....မိရင် မလွယ်ဘူးနော်"

"မှီအောင်လိုက်ပါအုံး......ခစ်.....ခစ်"

ပြေးရင်းလွှားရင်း မြတို့ ဘန်ဂလိုရှိရာသို့ ရောက်လာသည်။

အိမ်သော့က မြ လက်ထဲမှာ။

မြ တံခါးသော့ကို မြန်မြန်ဖွင့်ရင်း သတိုးကို အပြန်မှာ ကျန်ရစ်ခဲ့အောင် ကျီစားရန် စိတ်ကူးထားသည်။

"ချလောက်"

တံခါးပွင့်သွားတော့ အခန်းထဲပြေးဝင်လိုက်ပြီး တံခါးကို ပိတ်ချလိုက်ပြီ။

လော့ချ်ကျရန် လက်မတင်လေးအလို.....

"ဟိတ်......ဘယ်ပြေးမလဲ မိချိုသဲ"

ပိတ်လုနီးနီးဖြစ်တော့မည့် တံခါးကို သတိုး သူ့လက်နဲ့ တွန်းဖွင့်လိုက်သည်။

"ဟော......ဟဲ......ဟော......ဟဲ"

ပြေးလွှားလာကြတော့ နှစ်ယောက်စလုံးမောဟိုက်နေကြသည်။

တံခါးကို တွန်းဖွင့်ကာ သတိုး အိမ်ထဲဝင်လာလိုက်သည်။

မြ ပြေးစရာနေရာမရှိတော့။

ချောင်ပိတ်မိနေပြီ။

"ခလောက်"

တံခါးကို သတိုး လော့ချ်ချပစ်လိုက်သည်။

အကြည့်တွေက ရွှန်းရွှန်းဝေဝေ။

တစ်ယောက်ကို တစ်ယောက် အကြည့်တွေ မလွှဲနိုင်အောင်ဖြစ်နေရသည်။

"အိုး....အမေ့"

သတိုးက မြကိုယ်လုံးလေးကို ခါးတစ်ခွင်ပွေ့ချီလိုက်ပြီး ကုတင်ပေါ် ခေါ်ဆောင်သွားသည်။

မြက သတိုးနဖူးလေးကို သာသာယာယာ နမ်းသည်။

"အင့်"

မြကိုယ်လုံးလေးကို မွေ့ယာပေါ် ပစ်တင်လိုက်သည်။

ပြီးနောက် သတိုး သူ့ကိုယ်ပေါ်က အဝတ်တွေကို ခပ်သွက်သွက်ချွတ်ချလိုက်တော့သည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now