အပိုင်း(၆၄)

2.9K 10 4
                                    

စကားသံတွေနှင့် ဆူညံနေသည့် ထိုအခန်းလေးထဲ သံစဉ်က အရင်လောဆော်သည်။

ကိုယ့်ဖာသာကာရာအိုကေဆီက သီချင်းကို ရွေးကာ သီချင်းဟဲရန် ပြင်ဆင်လိုက်သည်။

"ကဲ........အားလုံးနားထောင်ကြပါရှင်........သမီးဆိုမဲ့ သီချင်းကတော့ လမ်းမကြီးရဲ့ဘေး လို့ခေါ်ပါတယ်ရှင်...အားလုံး နားဆင်အားပေးကြပါအုံး"

သံစဉ်က သွေးအေးသလိုဖြစ်နေသည့် ထိုအခန်းလေးကို ပွဲဆူအောင် အရင်လှုပ်နှိုးပစ်လိုက်သည်။

"🎶🎶🎶 ရက်စက်မှုများက...ငါ့ဆီ မျက်စိလည်လမ်းမှား

မျက်ရည်ကျသော ဖန်တီးမှုများနဲ့ တိုးကာ ဝင်နှောက်ယှက်

အချစ်ဟာ တစ်စစီပြိုကွဲထွက်

စကားမုန်တိုင်းတွေ ဝင်တိုက်ခိုက်

ဆောင့်တည်မဲ့သော မင်းနဲ့ တို့ရဲ့အချစ်အိမ်ဟာ ပျောက်ပျက် 🎶🎶🎶"

သံစဉ်ဘေးမှာ ထိုင်နေသူက ဦးဇော်မင်းဖြစ်နေတော့ ဦးဇော်မင်း သူ့နံဘေးက အဖော်ကောင်မလေး သီချင်းဆိုနေသည်ကို မျက်တောင်မခတ်စတမ်းကြည့်နေသည်။

သံစဉ်အသံက သိပ်မကောင်းပေမဲ့ ကီးဝင်တော့ နားထဲ အတော်အတင့် နားဝင်ချိုပါသည်။

သတိုးကတော့ ဘေးမှာထိုင်နေသော နရီနဲ့ စကားစမြည်ပြောနေသည်။

ကောင်မလေးက တော်တော့ကိုရဲတင်းသည်။

ဘာလုပ်ရမှန်းမသိ ရှေ့မှာချထားသည့် အရက်ခွက်ကို နာနာဖိသောက်နေတုန်းမှာ နရီက ဟင်းတွေကို တူနဲ့ညှပ်ကာ သတိုးပါးစပ်ဆီ ခွံ့ကျွေးနေသည်။

"စားလေ...ကိုကြီး....အား......ဟလေ"

"အင်း......အင်း"

သောက်နေသည့် အရက်တွေက ကြာလာတော့ အရှိန်နှင့် ဦးနှောက်ဆီ တက်ဆောင့်ကာ တရိပ်ရိပ်ဖြစ်လာသည်။

ဘေးမှာထိုင်နေသည့် မိန်းကလေး အလှကလည်း ပူလောင်လွန်းလှပါဘိ။

ရင်ပူသလို ခံစားရသဖြင့် လည်ပင်နားမှာတပ်ထားသည့် ကြယ်သီးနှစ်လုံးကို အနည်းငယ် သက်သာလို သက်သာငြား ဖြုတ်လိုက်ရသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now