အပိုင်း(၃၂)

4.5K 22 0
                                    

အရင်ကဆို မြနဲ့ ဒေါ်တင်မူက အပေါ်ထပ်တွင် အတူတူအိပ်ကြသည်။

အခုက သတိုးရှိရာ အခန်းဆီ မြပစ္စည်းပစ္စယာတွေကို မင်္ဂလာမဆောင်ခင် (၁)ပတ်လောက်ကတည်းက နည်းနည်းချင်းစီ၊ နည်းနည်းချင်းစီ ပြောင်းရွေ့ပြီးသားပင်။

အခုတော့ သတိုးအခန်းထဲ မြပစ္စည်းတွေပါ စီစီရီရီ ရှိနေလေပြီ။

သတိုးက အခန်းတံခါးကို လော့ဒ်လိုက်ချလိုက်ရင်း

"ဒီနေ့က စပြီး မြကလေးက ကိုယ့်မိန်းမ ဖြစ်သွားပြီနော်...ဘယ်လိုလဲ...ပျော်ရဲ့လား"

"အင်း.....ပျော်တယ်...ကိုကို"

မြက သတိုးကို "အစ်ကို" လို့ခေါ်နေရာကနေ အခု "ကိုကို" လို့ပြောင်းခေါ်ခဲ့လေပြီ။

"ဒီနေ့ ကိုကိုတို့ လုပ်ငန်းစကြမလား"

"ဘာကိုလဲ"

"ကိုကိုတို့ ချစ်ကြရအောင်လေ"

သတိုးမျက်နှာက မြဆီ နီးကပ်လာသည်။

"ဟိုး...ဆရာ....ဟိုး......မြ အဝတ်အစားတွေလဲပြီး ရေချိုးချင်သေးလို့"

"အတူတူချိုးမယ်လေ"

"ဟင့်အင်း...မရပါဘူး.....ရေအရင် ချိုးလိုက်အုံးမယ်လေနော်...နော်...ကိုကိုနော်"

မြ၏ ချွဲ့နွဲ့မှုအောက် သတိုးအရည်ပျော်သွားရပြန်သည်။

မြ၏ လူတွေ မသိသေးသည့် တခြမ်းကို သတိုးအခုမှ မြင်ရသည်။

သတိုးအပေါ် ကလေးလေးတစ်ယောက်လို ချွဲ့နွဲ့လေရှိသည်။

တခါတလေ ပြောမရဆိုမရ ဂျစ်တိုက်ပြန်သေးသည်။

ဒါကလည်း သူတို့နှစ်ဦးရှိသည့် အချိန်တွင်မျှသာ။

လုပ်ငန်းခွင်ထဲဆို မြက တကယ့်ကို ထက်ထက်မြက်မြက်၊ ရွှင်လန်းတက်ကြွသည့် အသွင်ကို ဆောင်၏။

မှန်တင်ခုံပေါ်တွင် ထိုင်ကာ လိမ်းထားသည့် မိတ်ကပ်တွေကို ဖျက်နေသည်။

"ကိုကို...မြကို....ဆွဲကြိုးဖြုတ်ပေးအုံး"

ဝတ်ထားသည့် စိန်ကြိုးလေးကို သတိုးအားဖြုတ်ခိုင်းနေသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now