သတိုးလည်း ဘာဆက်ပြောရမှန်း မသိတော့။
မြကလည်း ဘာမှ ဆက်မပြောနိုင်ဘဲ ဖြစ်နေရသည်။
အမေဖြစ်သူကိုယ်တိုင်က စီစဉ်သည်ဆိုတော့ ဘယ်လိုငြင်းပါယ်ရမှန်း မသိ။
"ဒါက အမေဖြစ်စေချင်တာပါ။ လက်ခံပေးဖို့ပဲ တောင်းဆိုပါတယ်။ ဖြစ်နိုင်ရင် မြန်မြန်လက်ထပ်ပြီး ကလေးပါ မြန်မြန်မွေးကြကွယ်"
"အမေ"
မြ မျက်နှာကြီးတစ်ခုလုံး ရဲပဒေါင်းခတ်သွားရသည်။
အမေကို ဒီအတိုင်းလွှတ်ထားဖို့မဖြစ်။
စကားစအား ဒီမှာတင် ဖြတ်ချရမည်။
"မေမေ....သမီး အစ်ကိုနဲ့ အရင်ဆွေးနွေးပါရစေအုံးလေနော်....မေမေ"
"အေး...သမီး....ဒါဆို နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်ပြောကြအုံး...မြေးလေး စမေးပွဲနီးနေပြီမလား။ အခန်းထဲ စာသွားဖတ်တော့လေ"
"ဟုတ်ကဲ့ပါ အဘွား"
သီဟကိုပါ နှင်ထုတ်လိုက်တာ စားပွဲဝိုင်းမှာ သတိုးနှင့် မြနှစ်ဦးတည်း ကျန်ခဲ့တော့သည်။
တိတ်ဆိတ်ခြင်းသာ နေရာယူလျက်။
ဘာက အစရှာလို့ ရှာရမှန်းမသိဖြစ်နေသည်။
သို့သော် သတိုးကပဲ အဆိုပါတိတ်ဆိတ်မှုအား အရင်ဖြိုခွဲပစ်လိုက်သည်။
"ညီမရယ် အစ်ကို အားနာလိုက်တာကွာ။ အမေ အဲလိုသဘောရှိမှန်း အစ်ကို တကယ်မသိခဲ့ဘူးကွာ"
"မြ သိပါတယ် အစ်ကိုရယ်"
"ဒီကိစ္စမှာလေ ညီမကိုပဲ အစ်ကို အားနာပြီးရင် အားနာနေရပြီ။ ဟိုလေ ညီမမှာ ရည်းစားရှိရင် အမေကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါလား"
မြ တစ်ချက်တော့ စိတ်ဆိုးမိသည်။
ဘယ်လိုလူကြီးလဲ။
သူပဲ အရက်မူးနေတုန်းက လူကို သူ့မိန်းမလိုလို ဖက်လား နမ်းလားနဲ့။
အခုကြပြန်တော့ တမျိုးဖြစ်သွားပြန်သည်။
"ညီမမှာ ရည်စားရှိရင် အမေ ဒီကိစ္စကို ဆက်ပြီးတိုက်တွန်းတော့မှာ မဟုတ်ဘူးလို့ ထင်တာပဲ"
YOU ARE READING
ချစ်ဆိပ်ရည်သင့်ကြသူများ
Romanceရမ္မက်ဆန္ဒနောက် ကောက်ကောက်ပါအောင် လိုက်သူများအကြောင်း