အပိုင်း(၁၁၈)

3.8K 12 7
                                    

"ခစ်.....ခစ်......သုတ်စရာ တစ်ခုခုမရှိဘူးလား ကိုကြီး။ တစ်ကိုယ်လုံးလည်း ရွှဲလို့"

ကိစ္စဝိစ္စတွေ ပြီးသွားတော့ နရီကို သတိုးက ကန်ဘောင်ပေါ်သို့ ပြန်လည်ပွေ့တင်ပေးလိုက်သည်။

"သုတ်လည်း အဝတ်အစားက စိုနေတာပဲ။ ဒီတော့ သုတ်မနေနဲ့တော့"

ကန်ဘောင်ပေါ် ရေစိုအဝတ်တွေက ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲနေသည်။

ထိုအဝတ်အစားတွေကို အနည်းငယ် ခြောက်လိုခြောက်ငြား ညှစ်လိုက်ကာ ပြန်လည်ဝတ်ဆင်လိုက်ရသည်။

ခဏက တစ်ယောက်နှင့်တစ်ယောက် ထိုးကြိတ်မတတ် ရန်ဖြစ်နေသော စုံတွဲက အခုကျပြန်တော့လည်း အောက်ချင်းငှက်မောင်နှံလို မခွဲနိုင် မခွါလျက် ဖြစ်နေပြန်သည်။

ရန်ဖြစ်ပြီး ပြန်ချစ်ရသော အရသာက ကောင်းလွန်းလှပေစွ။

"မီလေး....ဘာနဲ့လာတာလဲ"

"ဆိုင်ကယ်ကိုယ်တိုင်မောင်းပြီးလာတာ"

"ဒါဆို ကိုယ်ပြန်လိုက်မပို့တော့ဘူး။ အချိန်တောင် နည်းနည်းနောက်ကျနေပြီ။ မြတောင် မျှော်နေတော့မယ်"

"အင်းပါ။ အိမ်က မိန်းမကိုပဲ ဂရုစိုက် သိလား။ ဒီက အဖြည့်ခံသာသာပဲ"

"မဟုတ်ရပါဘူးကွာ။ အိမ်က မိန်းမကိုလည်း ချစ်တယ်။ မင်းကိုလည်း ကြိုက်တယ်လေ"

"ပြီးရော"

"ဪ...အိမ်ပြန်ရောက်တာနဲ့ ရေစိုအဝတ်တွေ မြန်မြန်လဲလိုက်နော်။ တော်ကြာ အအေးမိနေအုံးမယ်"

ကိုယ်သဘောကျသောသူဆီက ကိုယ့်ကို ဂရုစိုက်သော စကားသံတွေ ပြန်ကြားလိုက်ရသည့်အခိုက် အစ်မမြကို မနာလိုနေသော စိတ်က လျော့ကျသွားပြန်သည်။

"အင်းပါ....ကိုကြီးရောပဲ"

နရီက သတိုးလက်ပေါ်မှီနွဲ့ရင်း ဆိုင်ကယ်ထားရာ နေရာဆီသို့ လျှောက်လာနေကြသည်။

"မပြန်ခင် အနမ်းလေး"

"မွ....မွ....ပြွတ်စ်....ပြွတ်စ်"

"အင့်......ဟင့်...ဟင့်....အင့်.....ဟင်း......ဟင်း"

နမ်းလိုက်ပြန်တော့လည်း အနမ်းတွေက တစ်စထက် တစ်စ ပြင်းပျလာပြန်သည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now