အပိုင်း(၂၀)

4K 13 0
                                    

"ကူးရေ.....နင်သိလား...ငါလေ Blackpink ထဲက Lisa ကို သိပ်ကြိုက်တာပဲ"

"ငါကတော့ Jisoo မှ Jisoo ပဲ။ သူတို့သီချင်းလေ Hit you with that Duu-du, duu-du...။ ဟိ...ဟိ။ သိပ်ကြိုက်တာပဲ"

သိန်းထိုက် သူငယ်ချင်း "စန္ဒကူး" က Music video ထဲက အဆိုတော်တွေ ကနေသည့်ပုံစံကို လက်လေးထောင်ကာ ထောင်ကာဖြင့် လုပ်ပြနေသည်။

သိန်းထိုက်တို့ ခင်တာလည်းကြာပြီ ဖြစ်တော့ စန္ဒကူးလို့မခေါ်တော့ဘဲ အိမ်နာမည် "ကူးကူး" လို့သာ ရင်းရင်းနှီးနှီးခေါ်တော့သည်။

ကူးကူးတို့ ဒီမြို့လေးကို ပြောင်းလာသည်မှာ (၃)နှစ်လောက်ရှိပြီ။

ပြောင်းကိုပြောင်းလာရမည့် အကြောင်းရင်းများကြောင့် ပြောင်းလာရသည်။

သိန်းထိုက်နှင့် ကူးကူးတို့ ဆုံကြသည်မှာလည်း ကျောင်းမှာမဟုတ်။

သိန်းထိုက်က အ.ထ.က(၁)က။

ကူးကူးက အ.ထ.က(၄)က ပင်။

ကျူရှင်အတူတူဖြစ်သွားလို့ ခင်သွားကြခြင်းဖြစ်သည်။

ဆံပင်ကုတ်ဝဲလေးဖြင့် သိပ်မပြင်တတ်၊ မဆင်တတ်ပုံစံနှင့် ကူးကူးကို သိန်းထိုက် သိပ်အားမရ။

ဘယ်လိုပုံစံ၊ ဘယ်လိုမိတ်ကပ်လေးက ပိုကောင်းသည်၊ ပိုအသုံးဝင်သည်ကို သိန်းထိုက်လောက်တောင် ကူးကူးက မသိ။

ယောကျ်ားလေးဆိုပေမဲ့ မိန်းကလေးစိတ်ပေါက်နေပြီး နေပုံထိုင်ပုံကအစ နွဲ့နှောင်းပျော့ပြောင်းနေသော သိန်းထိုက်က ကူးကူးကို ပြန်ပြော၊ ပြန်သင်ပြနေရသည်။

စာမှ လွဲ၍ ကျန်တာ အကုန်စိတ်ဝင်စားကြသည်။

ကူးကူးနှင့် သိန်းထိုက်တို့ဆုံလျှင် စာအကြောင်း ပြောလေ့မရှိ။

Korea wave က မြန်မာတစ်ပြည်လုံးလွှမ်းမိုးထားတော့ Gen-Z များဖြစ်ကြသည့် သိန်းထိုက်တို့လည်း တွေ့ကြ၊ ဆုံကြလျှင် K-Drama, K pop သီချင်းတွေ၊ K pop idol အကြောင်းတွေသာ ရေပက်မဝင်ပြောကြသည်။

ကျူရှင်အိမ်ကလည်း သူတို့အိမ်တွေနှင့် မနီးမဝေးမှာဆိုတော့ စက်ဘီးမစီးကြတော့ဘဲ ခြေလျင်သာ သွားကြတော့သည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now