အပိုင်း(၁)

13.6K 42 3
                                    

"ဟေး........ဟေး.....ဟေး.......ဟေး"

ရေကူးခန်းမထဲက အားပေးသံတွေ သောသောညံနေသည်။

"သတိုးအောင်" လည်း ပီတိဖြစ်နေရသည်။

ရေကူးနည်းပြဖြစ်သော သတိုးအောင်တို့အုပ်စုထဲက ကလေးတစ်ယောက် အောင်အောင်မြင်မြင် အနိုင်ရရှိခဲ့သည်။

တဖက်အသင်းပြိုင်ဖက်က ကောင်းလွန်းနေတော့ သတိုးတို့ အသင်းက ငွေတံဆိပ်ဆုသာရရှိခဲ့သည်။

သို့သော် သတိုး ပီတိဖြစ်ရသည်။

မနှစ်ကဆို ကြေးပဲ ရခဲ့တော့ ဒီနှစ်ကျ တစ်ဆင့်တက်လာသည့်သဘော။

သတိုးဘေးက တပည့်တွေပါ ပျော်ရွှင်နေကြသည်။

တကယ်တော့ အခု နေပြည်တော်မှာ တိုင်းနှင့်ပြည်နယ်အလိုက် ပြိုင်နေကြခြင်းဖြစ်သည်။

ဒီနှစ်တော့ ငွေတံဆိပ်ဆု ရခဲ့ပြီ။

နောက်နှစ်တွေကျ ရွှေရအောင် အားထုတ်ရမည်။

"Congratulations နော်"

"Congratulations နော်.....သိပ်တော်တာပဲ"

ပြိုင်ပွဲရဲ့ ထုံးစံအရ အဆုံးမှာ ချီးကျူးသံတွေ၊ ဂုဏ်ပြုသံတွေ၊ ဝေဖန်သံတွေ၊ နှစ်သိမ့်သံတွေ ရှိကြစမြဲ။

ဒီလောကထဲ ကျင်လည်နေတာကြာပြီ ဖြစ်သည့် သတိုးအဖို့ ဒီအကြောင်းအရာတွေဟာ မထူးဆန်းတော့။

အခုမျက်နှာပေါ်မှာ အပြုံးပန်းတွေဝေဆာနေလျက်ရှိနေသည်။

အသက် (၃၃)နှစ်အရွယ် သတိုးအောင်က ကျောင်းတုန်းက ရေကူးချန်ပီယံပင်။

ကျောင်းပြီး၊ ရည်းစားဖြစ်သူနှင့် အိမ်ထောင်စောစောကျသွားတော့ အားကစားသမားအဖြစ်မှ စွန့်လွှတ်လိုက်ကာ အခုရေကူးနည်းပြအဖြစ် လုပ်ကိုင်နေသည်။

ရေကူးခြင်းသည် သတိုးအတွက် နှစ်သက်သည့် အားကစားဖြစ်သလို စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်၏။

ငယ်ငယ်ကတည်းက ရေကူးလာသဖြင့် အရပ်ကလည်း (၅)ပေ(၁၁)လက်မ နီးပါးရှိ၏။

အသားအရေက နဂိုမူရင်း ခပ်လတ်လတ်ဆိုပေမဲ့ ရေထဲ အမြဲနေနေရတော့ အခုကျ ခပ်ညိုညိုအသားအရေသာ ဖြစ်နေတော့သည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now