"အား.......ကျွတ်....ကျွတ်"
ခေါင်းတစ်ခုလုံး တူနဲ့ထုထားသလို အုံခဲနေသည်။
သတိုးမနက်ရောက်ပြီး အိပ်ယာနိုးလာတော့ ပတ်ဝန်းကျင်ကို တစ်ချက်ပြန်ဆန်းစစ်ရပြန်သည်။
တော်ပါသေးရဲ့။
မိမိအခန်းထဲပြန်ရောက်နေလို့။
ခေါင်းတစ်ခုလုံးပေါက်ထွက်မတတ်။
ကုတင်ပေါ်မှာ ငူငူငိုင်ငိုင်ကြီးဖြင့် (၁၀)မိနစ်လောက် ထိုင်နေမိသည်။
ပြီးမှ အခုလက်ရှိကာကကို အသိစိတ်ကကပ်လာသည်။
ဘဝမှာ ဤမျှလောက် အရက်ကို မသောက်စဖူး သောက်မိလေသည်။
အရက်သောက်တတ်ပေမဲ့ မိတ်ဖြစ်ဆွေဖြစ်အာစွတ်ရုံမျှသာ သောက်တတ်လေသည်။
ဇနီးဖြစ်သူ မဆုံးခင်ကလည်း ပွဲရှိလို့ အရက်နံ့ရရင်တောင် သိပ်မကြည်သဖြင့် သတိုးအနေနဲ့ မိန်းမ မကြိုက်တာ အတင်းကာရော ဇွတ်မလုပ်။
အခုက သတိရသည့်စိတ်ကို အရက်နဲ့စိမ်ချလိုက်လျှင် သက်သာလို သက်သာငြားပေါ့။
ဆူမဲ့ ဇနီးလည်း မရှိပြီ။
"ရွတ်....ရွတ်....ဟင်း"
သတိုး ကိုယ့်အဝတ်နံ့ကို ပြန်နမ်းကြည့်တော့ အရက်နံ့တထောင်ထောင်းထကာ နံစော်နေလေပြီ။
ရေချိုးမလို့ ဟန်ပြင်လိုက်သည်။
ကုတင်တစ်ခုလုံးလည်း တွန့်ကြေရှုပ်ပွလျက်။
ထိုစဉ် ကုတင်ပေါ်တွင် တလက်လက်ဖြင့်နေသော အရာတစ်ခုကို တွေ့လိုက်ရသည်။
ဘာများပါလိမ့်။
အနီးကပ်ကြည့်လိုက်တော့ ဆွဲကြိုးမျှင်မျှင်လေးတစ်ခုဖြစ်နေသည်။
ငွေဆွဲကြိုးမျှင်မျှင်လေးကိုမျှ မြကျောက်သေးသေးလေး သုံးလုံးစီကာဖြင့် အလည်တွင်ခတ်ထားခြင်းဖြစ်၏။
သတိုး ဘယ်သူ့ဟာလဲဟု မတွေးဖြစ်။
ဆုံးသွားသည့် ကေသရီဆွဲကြိုးလို့သာ ထင်မှတ်မိသည်။
တကယ်တော့ ထိုဆွဲကြိုး၏ မူရင်းပိုင်ရှင်က မြစန်းရီပင်။
YOU ARE READING
ချစ်ဆိပ်ရည်သင့်ကြသူများ
Romanceရမ္မက်ဆန္ဒနောက် ကောက်ကောက်ပါအောင် လိုက်သူများအကြောင်း