အပိုင်း(၁၆)

4.3K 6 0
                                    

နောက်ကျောကိုသာ မြင်နေရသော မူယာကိုယ်လုံးလေးက လှသွေးကြွလွန်းနေသည်။

ဖွေးအိနေသော အသားအရေနှင့်။

ခါးမှာတော့ မဆိုစလောက် အဆီလေး တစ်ထစ်၊ နှစ်ထစ်လောက်ရှိသည်။

တင်ပါးကားကားကြီးကတော့ သတိုးဖျစ်ညှစ်ထားမှုကြောင့် လက်ယောင်လိုက်ပြီး နီနေသည်။

"နည်းနည်းကြမ်းမိလို့ ကိုယ့်ကို စိတ်ဆိုးသွားတာလား....လှည့်ပြီးပြောပါအုံးကွာ"

တကယ်တော့ မူယာက ရမ္မက်ဇောတက်ကာ မှိန်းနေခြင်းဖြစ်သည်။

မရစဖူး ရခဲ့သော ထူးကဲ့သည့်အဖြစ်အပျက်လေးကြောင့် မူယာ ရင်တသိမ့်သိမ့်တုန်ရ၏။

သတိုးကဆိုတော့ မူယာကိုယ်လေး လူးလူးလွန့်လွန့်ဖြစ်ကာ သူရှိရာဖက်ခြမ်းသို့ လှည့်လိုက်သည်။

သတိုးမျက်နှာက ပြုံးစိစိဖြင့်။

ကြည့်ပါလား။

ရုပ်ကိုက မချိုမချဉ်နဲ့။

လူဆိုးကြီး။

တစ်ကိုယ်လုံးလည်း ဖွတ်ဖွတ်ညက်ညက်ကြေပြီ။

"ပြောပါအုံး....ကိုယ်အရမ်းကြမ်းသွားလို့ စိတ်ဆိုးသွားတာလား..မမူယာ"

"ဟင့်အင်း...မဆိုးပါဘူး"

မူယာ ခေါင်းခါပြသည်။

"လာပါအုံး....ပွေ့ထားချင်လို့။ ကောင်းရဲ့လား"

"အင်း"

"မကြားရဘူး"

"ဘာကြီးလဲမသိကွာ.....အင်းလို့....အင်းလို့...ကြားပလား"

"ဟတ်....ဟတ်"

သတိုးက မူယာကိုယ်အောက် လက်လျှိုကာ သူ့ဖက်ခြမ်းသို့ ပွေဖက်လိုက်သည်။

မူယာခေါင်းလေးက သတိုးရင်အုပ်ပေါ်။

သူ့ဆီက ယောကျ်ားပီသသောအနံ့ကို ခံစားရှူရှိုက်နေမိသည်။

မူယာလက်တွေက သတိုးရင်ဘတ်ပေါ် မှေးတင်ထားသည်။

"ဆရာက....မူယာကို...မမူယာလို့ပဲ ခေါ်နေတော့မှာလား"

မူယာအသံက ညုတုတုဖြင့်။

"မသိဘူးလေဗျာ.....ကိုယ့်ထက် အသက်ကြီးတော့ "မ" တပ်ခေါ်တာပေါ့"

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now