အပိုင်း(၅၈)

2.6K 14 0
                                    

() ခန့်ကြာသော်

"Morning မမ"

"Morning ညီမလေ"

"မမ ဒီနေ့လည်း လှနေတယ်နော်"

"ဟုတ်လား.......ကျေးဇူးနော်"

ဆိုင်ဖွင့်ရန် ပြင်ဆင်နေသည့် ညီမလေးတွေကို နှုတ်ဆတ်ပြီး မြ နားနေခန်းလေးထဲ ဝင်လာသည်။

ဒီနေ့ အလုပ်သာ လာရပေမဲ့ မြ စိတ်တွေ မကြည်လင်နေပါ။

မနက်အိပ်ယာထကတည်းက မြ ခေါင်းထဲ မူးနောက်နောက်ဖြစ်နေသည်။

အခုတလော မြ စိတ်ထဲ လန်းလန်းဆန်းဆန်း သိပ်မရှိလှ။

အားမရှိသလိုလို၊ ခေါင်းထဲ ရိပ်တိုးရိုပ်တိတ် ဖြစ်နေသလိုလို ဘာတွေဖြစ်နေမှန်းကိုမသိ။

မြရော၊ အစ်ကိုပါ ဟန်နီးမွန်းက ပြန်ပြီးကတည်း အလုပ်ကိုယ်စီရှုပ်နေကြသည်။

အစ်ကိုဆို သူ၏ ရေကူးရုံဖွင့်ရန် အကြီးအကျယ်လုံးပမ်းနေရသဖြင့် လင်မယားနှစ်ယောက်မျက်နှာချငိးဆိုင်အချိန်တောင် အခုဆို အတော်နည်းပါးသွားသည်။

Resort မှာတုန်းကသာ နေ့နေ့ညည တစ်ဦးမျက်နှာ တစ်ဦးကြည့်ပြီး ချစ်စကားဆိုနိုင်သော်လည်း အခု လက်တွေ့ဘဝထဲမှာတော့ ညရောက်လို့ လင်မယားနှစ်ယောက်စကားပြောဖြစ်ရင်အောင် မနည်းကံကောင်းလှပြီဟု ဆိုရပေမည်။

ချစ်တင်းနှောတာကလည်း ညတိုင်းမလုပ်ဖြစ်တော့။

မြ အရင် ပင်ပန်းပြီး အိပ်ပျော်သွားရသည်နှင့် အစ်ကို အလုပ်ကပြန်ပြီး တချိုးတည်း အိပ်ပျော်သွားရသည်နှင့် အရင်ကလိုမျိုး ခပ်စိပ်စိပ်မနေဖြစ်ကြတော့။

တစ်ပတ်မှာ နှစ်ရက်၊ သုံးရက်လောက်သာ နေဖြစ်ကြတော့သည်။

သို့သော်လည်း ချစ်ကြပြီဟေ့ဆို အစ်ကို၏ သန်စွမ်းမှုကြီး၊ အချစ်ကြမ်းမှုကြီးကတော့ အရင်ကလိုရှိနေပါသေးသည်။

ညကလည်း အစ်ကိုနဲ့မြ အားသည့် အချိန်လေးမှာ ခပ်ကြမ်းကြမ်းလေး နှစ်ချီလောက်ဆွဲခဲ့သေးသည်။

အလုပ်ထဲရောက်တော့ မြ ခေါင်းမူးနေသဖြင့် အခန်းထဲမှ ခဏလှဲနေသေးသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now