အပိုင်း(၄)

4.6K 22 0
                                    

သတိုးက အရက်မူးမူးဖြင့် အသိစိတ်လွတ်နေ၏။

လွမ်းဆွတ်တမ်းတလွန်းသောစိတ်က ပြင်းထန်လွန်းလှသဖြင့် မြင်မိမြင်ရာ မြင်နေတာများလား။

ရင်ခွင်ထဲမှာ မိန်းမဖြစ်သူ ကေသရီကို မြင်နေရသည်။

အိမ်မက်ဖြစ်နေအုံးတော့။

အလွတ်မပေးနိုင်။

လွမ်းဆွတ်မိခြင်းများအား အနမ်းတွေအဖြစ် သက်သေထူချင်သည်။

ရင်ခွင်ပေါ်ပြိုကျနေသည့် ချစ်ရသူ၏မျက်နှာကို လက်နှစ်ဖက်နှင့်ကိုင်ကာ အနမ်းတွေအကြားမလပ် ရွာချသည်။

"အူး....မွ......မွ.....မွ......ပြွတ်.....ပြွတ်"

"မိန်းမရာ...အရမ်းလွမ်းနေပြီကွာ"

"အစ်ကို.....မလုပ်ပါနဲ့...လွှတ်ပါ......မြကို လွှတ်ပေးပါ....အင့်.....ဟင့်......ဟင့်"

သတိုး၏ အနမ်းတွေအောက် မြတုန်ရီရစ်မူးနေရလေပြီ။

သတိုးက မိန်းမဆုံးပြီးကတည်းက ပစ္စလခတ်နေနေလေတော့ မျက်နှာပေါ်တွင် နှုတ်ခမ်းမွှေး၊ မှုတ်ဆိတ်မွှေးက အပြိုင်းအရိုင်း၊ မညီမညာပေါက်ရောက်နေသည်။

အရင်က သပ်သပ်ရပ်ရပ်နေတတ်သော သတိုးပုံရိပ်လည်း ဗျာပါသောကတွေကြောင့် ပျောက်ဆုံးသွားလေပြီ။

မြ၏ မျက်နှာပေါ် ကြမ်းရှသော အနမ်းတွေက တစ်ရစပ်ကျလာတော့ မြ ဒိန်းတလိန်းနတ်ပူးသလို တစ်ဆတ်ဆတ်တုန်ရီလာရသည်။

ဒီလိုမျိုး အနမ်းခံရလိမ့်မည်ဟု တစ်သက်နဲ့ တစ်ကိုယ် မထင်မှတ်ထားပေ။

ပိုဆိုးသည်က မြရုန်းလေ၊ သတိုးက ပိုတိုးဖက်လေဖြစ်လာသဖြင့် မြတစ်ကိုယ်လုံးလည်း သတိုးရင်ခွင်အောက် တစ်စထက် တစ်စ နစ်မြုပ်လာရသည်။

အနမ်းတွေ၏ ကြမ်းရှပြင်းထန်မှုကြောင့်ရယ်၊

သတိုးဆီက ရနေသည့် အရက်နံ့တွေကြောင့်ရယ်၊

မြပါ မူးလာသလို ဖြစ်လာရသည်။

"အစ်ကို......လွှတ်ပါတော့.....မြကို....လွှတ်ပေးပါတော့ရှင့်"

မြကလည်း အခုထိ အားနဲ့ရုန်းတုန်း။

သို့သော် ယောကျ်ားအားနဲ့ မိန်းမအားက ယှဉ်မှ မယှဉ်သာ။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now