အပိုင်း(၃၀)

4.3K 18 3
                                    

"မနက်ဖြန် အမေကို အစ်ကိုတို့ကိစ္စ အဖြေပေးရတော့မှာနော်"

"အင်း"

"အဲဒီဟာနဲ့ပက်သက်ပြီး ညီမ ဘယ်လိုသဘောရလဲ။ အစ်ကိုကတော့ ညီမ သဘောအတိုင်းပါပဲ။ အစ်ကို့ဆန္ဒဆိုတာထက် အရာအာလုံးကို ညီမ သဘောတိုင်းဖြစ်အောင် လုပ်ပေးမှာပါ"

"အစ်ကိုရယ်"

သတိုး၏ စကားကြောင့် မြ ကြည်နူးသွားရသည်။

ဟိုနေ့ကတော့ စိတ်ထဲကြည့်လို့မရဘဲ မုန်းနေမိသည်။

အခုကျပြန်တော့လည်း နှစ်ခြိုက်မိပြန်၏။

စိတ်တွေလည်း အပျိုဖြန်းမလေးလို လှုပ်လှုပ်ခတ်ခတ်ဖြစ်နေမိသည်။

သို့သော် တော်တော်နဲ့ မြ စကားမဆိုမိ။

တုံဏှိဘာဝေလုပ်နေမိသည်။

"ပြောလေ.......ညီမ......ညီမဘက်က တစ်ခုခုပြောမှ အစ်ကိုက ဘာလုပ်ပေးရမလဲလို့ ဆက်စဉ်းစားရမှာ"

"မြ.....မြ...သဘောကတော့ အမေဆန္ဒကို ငြင်းစရာမရှိဘူး အစ်ကို"

"ဟင်"

သတိုးမျှော်လင့်ထားသည်က မြ ငြင်းလိမ့်မည်ဟု။

တကယ်တမ်းကျတော့ မြကို သတိုးက မုန်းနေစရာအကြောင်းမရှိ။

သဘောတောင် ကျမိသေးသည်။

အမြဲတမ်း ကိုယ့်ညီမလို သဘောထားခဲ့သူက ရုတ်တရက် ဇနီးမယားဖြစ်လာမှာဆိုတော့ တမျိုးကြီး ခံစားနေရသလိုသာရှိသည်။

ဘာမှ တိတိပပ ငြင်းရန် အကြောင်းပြချက်မရှိ။

ပက်သက်ခဲ့သည့် မူယာကိုလည်း တရားဝင်လက်ထပ်ဖို့ စိတ်ကူးမရှိ။

ဒီအတိုင်း စိတ်ထွက်ပေါက်သက်သက်မျှသာ။

မြကို ဒီအသက်အရွယ်၊ ဒီလို လှပတင့်တယ်သည့် အမျိုးသမီးတစ်ဦးအဖို့ ရည်းစားက ရှိကို ရှိမှာပင်။

မိမိကို ငြင်းပြီး သူမရည်စားအကြောင်းကို ပြောလိမ့်မည်ဟု ထင်ထားခဲ့သည်။

ထိုကဲ့သို့ လွယ်လင့်တကူ လက်သင့်ခံလိမ့်မည်ဟု မတွေးထားခဲ့ရိုး။

"ဒါဆို ညီမက အစ်ကို့နဲ့ လက်ထပ်ဖို့ သဘောတူတယ်ပေါ့"

"အင်း"

ချစ်ဆိပ်ရည်သင့်ကြသူများحيث تعيش القصص. اكتشف الآن