အပိုင်း(၆၃)

1.8K 6 0
                                    

"မကြယ်...အဆင်ပြေတယ်...သိလား။ မကြယ် အိမ်ပြန်ပြီးနားလိုက်တော့။ မပြန်ခင် လမ်းမှာ ဆေးခန်းတစ်ခုခုမှာ ဝင်ပြခဲ့အုံး"

"အေးပါ Candy ရယ်။ ကျေးဇူးတင်ပါတယ်ကွယ်။ ဟတ်ချိုး...ဟတ်ချိုး"

"ကျေးဇူးတင်စရာမလိုပါဘူး..မကြယ်ရဲ့...ကိုယ့်အချင်းချင်းကို ကိုယ်မှ မကူရင် ဘယ်သူ ကူမှလဲ"

မကြယ်လည်း Candy စိတ်ကို သိသည်။

ဒီကောင်မလေးက ရုပ်ကလေး လှတပတ၊ စိတ်လေးလည်း ကောင်းပေမဲ့ ဘဝပေးကုသိုလ်ကံက သိပ်မကောင်း။

ကြားထဲ Sponsor ဘဲကြီးတစ်ပွေနဲ့ ငြိပြီး သူမဘဝလေး အတော်သင့်လေး အနေကျသွားပုံရှိတော့ ကိုယ်တွေက ဝမ်းသာရသည်။

ဒီအလုပ်လုပ်နေမှတော့ သိပ်ပြီး မယားကြီး ဘဝ တင့်တောင့်တင့်တယ်ဘဝမျိုး မမျှော်လင့်ပါနှင့်။

ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို မင်းသားက အပြင်စင်တင်က ကောင်မလေးကို ကြိုက်၊ အတည်တကျ လက်ထပ်ယူတာမျိုး စိတ်ကူးယဉ်လိုသာကောင်းသည်။

အပြင်မှာ သိပ်မဖြစ်နိုင်။

ရှိတော့ ရှိနိုင်ဆိုပေမဲ့ ရှားရှားပါးပါး၊ ဖြစ်တောင့် ဖြစ်ခဲ။

အကုန်လုံးက ဒီကိုရောက်ရင် နှိုက်မြည်းမလား။

ဒီမှာပြီးလို့ နောက်ဟိုတယ်မှာ အဝထပ်စားမလား။

ဒီလိုမျိုးချည်းပင်။

အခုလည်း Candy ကျေးဇူးနဲ့ စောစော အိမ်ပြန်ပြီး နားလို့ရပြီ။

"ဟဲ့....သွားမယ်...ကောင်မ....နင်ပဲကျန်ပြီ...ငါတို့အကုန်လုံး နင့်ကို စောင့်နေတာ"

သံစဉ်က သွားရန် လှမ်းတို့သည်။

"အေးပါဟယ်...မကြယ်နဲ့ အလွမ်းသယ်နေလို့ပါဟယ်"

"ပြီးပြီမလား...သွားကြရအောင်"

"ဒေါက်....ဒေါက်....ဒေါက်"

ဒေါက်ဖိနပ်ဆီက ခွါနှင့် အောက်က ကြမ်းခင်း ထိရိုက်ကာ တဒေါက်ဒေါက်နဲ့ အလှနတ်မိမယ် (၅)ပါး C013 သို့ ဝင်လိုက်သည်။

"ရွှီ"

သူတို့ရဲ့ အလှကြောင့် ဦးဇော်မင်း စိတ်ပျော်ရွှင်သွားရသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now