အပိုင်း(၁၂၀)

4.6K 10 1
                                    

"ကျွီ"

နောက်ဆုံးကျ သတိုးတို့၏ ရုပ်ရှင်ရုံသို့ ရောက်လာခဲ့လေပြီ။

"ကိုကြီးကလည်း ဗမာကားလည်း မဟုတ်ဘူး"

ရုံရှေ့မှာ တင်ထားသည့် ဗွီနိုင်းပြားကြီးပေါ်၌ ဒိုင်နိုဆောကား "Jurassic World Dominion" ဖြစ်နေသည်။

သတိုးအတွက် ဗမာကား၊ အင်္ဂလိပ်ကား အရေးမကြီး။

ရုပ်ရှင်ကြည့်မည်ဟု ပြောထားသော်လည်း တကယ့်တကယ်က ရုပ်ရှင်ကြည့်ဖို့မဟုတ်ဘဲ။

ဒါကို ဒီကောင်မလေးက မရိပ်မိရှာ။

တကယ့်ရုပ်ရှင် date အတွက် လာကြသည်ဟုသာ ထင်မှတ်နေသည်။

"မီးက ဗမာကားပဲ ကြည့်ချင်တာ"

"ဗမာကားက နောက်အပတ်မှ တင်မှာတဲ့"

"ဟုတ်လား...ပြီးရော....ဒါဆိုလည်း ရှိတဲ့ဟာပဲ ကြည့်ရတော့မှာပေါ့"

နိုင်ငံခြားကားတွေ၏ ထုံးစံအတိုင်း ပွဲချိန်စတော့မည်ဖြစ်သော်လည်း ရုံတဝိုက် လူတွေက မစည်ကားလှဘဲ ခြောက်တီးခြောက်ကပ်သာရှိသည်။

ထိုင်ခုံလက်မှတ်ကိုလည်း ခဲရာခဲဆစ်ဝယ်နေစရာမလိုပေ။

ခုံတွေအများကြီး ကျန်ရှိနေသေးတော့ ကိုယ်လိုချင်ရာ ယူလိုက်ရုံ။

"မုန့်ဝယ်လိုက်အုံးမယ်.....ကိုကြီးရာ"

"ဝယ်လေ....ဘာစားချင်လဲ"

နရီနောက်မှာ ထပ်ကြပ်မကွာလိုက်ရင်း သူမအလိုရှိရာ အကုန်ဝယ်ပေးလိုက်သည်။

ပေါက်ပေါက်ဆုပ်၊ ဇီးထုပ်၊ အချဉ်ပေါင်း စုံတကာစုံစိအောင် ဝယ်လာသည်။

"ညကျ ဗိုက်နာနေအုံးမယ်...အချဉ်တွေ သိပ်မစားနဲ့"

"အင်း"

ဝယ်ခြမ်း၍အကုန်အပြီးအစီးဖြစ်သည့်အခါ ရုံထဲသို့ ဝင်လာကြသည်။

ပြသရန် အချိန်(၁၀)မိနစ်လောက်လိုနေသေးတော့ ရုံမီးက တစ်ခန်းလုံးပွင့်နေသည်။

လူတွေက ဟိုတစ်စ၊ ဒီတစ်စမျှသာ။

(၁၀)ယောက်ဝန်းကျင်လောက်သာရှိမည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now