အပိုင်း(၁၀၂)

5K 12 0
                                    

"အစ်မကြီး ဒီနေ့ တော်တော်လန်းနေတယ်နော်။ နေကောင်းနေတယ်ပေါ့ အစ်မကြီး"

"အု......အု.....အ"

မနက်ပိုင်း ဒေါ်တင်မူ အိပ်ယာထတဲ့အချိန်မှာ ဒေါ်စိန်က သန့်ရှင်းရေးလုပ်ပေးနေတော့ နှစ်ဦးသား စကားစမြည်ပြောကြသည်။

ဒီအိမ်ကြီးထဲမှာ ဟိုးအရင်ကတည်က ဒေါ်စိန်နဲ့ အထိအတွေ့အများဆုံး၊ အဆက်ဆံအများဆုံး အိမ်သားဆို ဒေါ်တင်မူသာ ဖြစ်ပါသည်။

ပွစိပွစိဖြင့် ဟိုစပ်စပ်၊ဒီစပ်စပ်လုပ်တတ်သော ဝဝလုံးလုံးလေး ဒေါ်တင်မူသည် အခုကျတော့ ကာယိကဒုက္ခ ဖိစီးမှုကြောင့် အရင်ကထက် ပို၍ ပိန်ကျသွားလေပြီ။

သို့သော် အရာအားလုံးသည် အားမတန်မာန်လျော့ထားရသည့် သဘောဖြင့်သာ။

ဒေါ်တင်မူ မျက်လုံးတွေက အရင်ကလို တလက်လက်တောက်နေဆဲ ရှိသေးသည်။

"အောက်မှာ ဆရာမက ဒီနေ့အစ်မကြီးအတွက် နေ့လည်စာ ငါးရံဆန်ပြုတ်နဲ့ ပန်းသီးဖျော်ရည် လုပ်ပေးနေတယ်။ ပြီးရင် ဆရာမ တက်လာပို့လိမ့်မယ်နော်"

"အု....အု"

ဒေါ်တင်မူ ခေါင်းညိတ်ပြလိုက်သည်။

လေဖြတ်ပြီးနောက် ညာဖက်ခြမ်းက လှုပ်မရတော့ပေ။

အခုတော့ ဆေးဝါး၊ လေ့ကျင့်ခန်း မှန်မှန်လုပ်နေသောကြောင့် အရင်ကထက်စာလျှင် နည်းနည်းလေး လှုပ်နိုင်လာလေပြီ။

လုံးဝမရသေးသည်က စကားပြောဆိုခြင်းပင်။

တဖက်လူပြောသမျှ အလုံးစုံ နားလည်နေသော်လည်း ပြန်ပြောလို့ မထွက် ဖြစ်နေရသည်။

ထို့ကြောင့် ပါးစပ်က အုအုအအနဲ့ ခေါင်းညိတ်လိုက်၊ခေါင်းခါလိုက်၊ မျက်ခွံမှိတ်ပြလိုက်ဖြင့် တဖက်သူနှင့် ကြိုးစားပန်းစား ဆက်သွယ်နေရရှာသည်။

ဒေါ်စိန် အောက်ကဆင်းသွားတော့ ဒေါ်တင်မူ တစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။

ဖွင့်နေကျ Radio လေးကို အကောင်းပကတိရှိနေသေးသည့် ဘယ်လက်သုံးဖွင့်ကာ တရားတော် နာယူနေလေသည်။

တရားတော်နာနေရင်း မှိန်းကနဲ့တောင် အိပ်ပျော်သွားလေသည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now