အပိုင်း(၉၁)

3.4K 10 0
                                    

ဒီနေ့ တနင်္ဂနွေနေ့ ရေကူးရုံပိတ်တဲ့ရက်ဆိုတော့ သတိုးနောက်ကျမှ အိပ်ယာနိုးလာသည်။

သတိုးတို့ကုတင်နံလေးမှာ သမီးလေး သော်သော်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

မိန်းမဖြစ်သူ မြကိုတော့ မတွေ့။

နိုးလာနှင့် နိုးလာချင်း အိပ်ပျော်နေသော သမီးလေးမျက်နှာကို ကြည့်မဝရှုမဝ ဖြစ်နေရသည်။

သမီးလေးက အိမ်ရဲ့ ဆည်းလည်းလေးပင်။

အလုပ်က ပင်ပင်ပန်းပန်းပြန်လာလျှင် သမီးမျက်နှာ မြင်လိုက်ရသည်နှင့် ပင်ပန်းခဲ့သမျှ ပြေပျောက်သွားရသည်။

နှုတ်ခမ်းလေးထော်ပြီး အိပ်နေသော သမီးမျက်နှာကိုကြည့်ရင်း ချစ်တဲ့စိတ်တွေ ဆထက်တပိုးတိုးလာရသည်။

မျက်နှာဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်း၊ အသားဖွေးဖွေးအုအုဖြင့် သက်ရှိကော်ပတ်လေးလို ချစ်ဖို့ကောင်းလွန်းလှသည်။

သမီးမျက်နှာ တစိမ့်စိမ့်ကြည့်ပြီးနောက် ဗိုက်ဖြည့်ရန် ထမင်းစားခန်းထဲသို့ဝင်လာလိုက်သည်။

ဟင်။

တစ်အိမ်လုံးလည်း တိတ်လို့ဆိတ်လို့။

ဘယ်သူနှ မရှိကြဘူးလား။

သို့သော် ထမင်းစားခန်းထဲ ဝင်မည်အပြု ပုံရိပ်လှလှလေးတစ်ခုကို တွေ့လိုက်ရသည်။

ဟာ။

ငါ့မိန်းမက နောက်ကကြည့်ရင် တော်တော်မိုက်တာပဲ။

အခုလည်း ကြည့်လေ။

ရိုးရိုး တီရှပ်ပန်းရောင် နှင့် ထမိန်အနက်ရောင် ဝတ်ထားပေမဲ့ ခါးကျဉ်ကျဉ်လေးနှင့် ကားစွင့်နေသော တင်သားအလှကို ဖုံးကွယ်ထားခြင်းငှါ မစွမ်းသာ။

ကြည့်ရင်း ကြည့်ရင်း မြကို စချင်လာသည်။

နောက်ကနေ တစ်လှမ်းချင်း တစ်လှမ်းချင်း ခြေဖျားထောက်ကာ မြ အနားသို့ လှမ်းသွားလိုက်သည်။

အနားရောက်တော့ ခါးကို နောက်ကနေ ကျုံးဖက်ကာ ပွေ့ဖက်လိုက်သည်။

ပွေ့ချီလိုက်သည်နှင့် နူးညံ့အိစက်သင်းထုံနေသည့် ကိုယ်လုံးလေး၏ အထိအတွေ့ကို ရရှိလိုက်သည်။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now