အပိုင်း(၁၁၅)

3.5K 10 3
                                    

"ကိုကြီး.......ကိုကြီး.....ဘယ်လိုသိတာလဲ"

"အဟတ်......ဟတ်...ငါဘယ်လိုသိသွားလဲဆိုတာ သိပ်သိချင်နေတယ်ပေါ့။ မင်း အလုပ်များနေလို့ဆိုပြီး အိမ်ကိုမလာနဲ့လို့ ပြောတဲ့အချိန်တုန်းကလေ ငါ လျှာရှည်ပြီး မင်းဆီလာမိတာလေ။ ကံကောင်းလို့ပေါ့။ မဟုတ်ရင် ငါနွားလုံးလုံးဖြစ်မှာ။ မင်းဦးလေးဆိုတဲ့သူနဲ့ မင်း ဖြစ်ချင်တိုင်းဖြစ်နေတာလေ"

"ကိုကြီး.......မီး...ရှင်း....ရှင်းပြပါရစေ"

အဖြစ်အပျက်ကို မျက်စိနှင့်တပ်အပ်မြင်ပြီးဆိုနေမှတော့ နရီမှာ ငြင်းဆန်ဖို့ အခွင့်အရေးရယ် မရှိတော့ပါ။

သို့သော် သူသိအောင်တော့ နရီ ပြောပြချင်ပါသေးသည်။

"ဘာရှင်းပြချင်သေးလို့လဲ။ ဒီလောက်ရှင်းနေပြီးသား ကိစ္စတစ်ခုကို...မင်းက ဘာတွေထပ်ပြီး ငါ့ကို လိမ်အုံးမှာလဲ။ ပြောလေ...ပြော။ ယုတ္တိရှိမရှိ ဆုံးဖြတ်ပေးရမှာပေါ့"

"မီး ပြောပြပါရစေအုံး။ ကိုကြီးတွေခဲ့သမျှဟာ အမှန်ပါ။ မီးနဲ့ ဦးမျိုးက ကိုကြီးနဲ့ မဆုံခင်ကတည်းက ညားနေတာပေါ့"

"ဟား......ဟား.....စောက်ရမ်းရယ်ရတဲ့ ဟာသပဲ။ အေး....ဆက်ပြောပါအုံး"

"ခဏ....ခဏလေး...စိတ်ကိုလျော့ပြီး နားထောင်ပေးပါနော်။ မီး အမှန်တိုင်း ပြောပြပါမယ်"

နရီ အသက်ဝဝတစ်ချက်ရှူလိုက်ကာ ဖြစ်ခဲ့သမျှကို ဇာတ်လမ်းစုံခင်းပြရန် အားတင်းလိုက်တော့သည်။

"မီး ဘဝပေးအခြေအရ ကိုကြီးနဲ့ တွေ့ခဲ့တဲ့ KTV ဆိုင်မှာ အလုပ်လုပ်ခဲ့ဖူးတယ်။ ဒါလည်း ကိုကြီး သိပြီးသားပဲ။ အဲမှာ မီး ဦးမျိုးနဲ့ ဆုံတယ်။ နောက်တော့ မီးက ဦးမျိုးရဲ့ Sponsor မယားပေါ့"

"Sponsor"

သတိုး နရီ၏ ဖုံးကွယ်ထားသည့် ဘဝတခြမ်းကို ဖွင့်ဟလိုက်မိပြီ။

"အင်း။ ပြီးတော့ မီးက မီးညီမနဲ့ ဒီကိုပြောင်းလာတယ်။ သူနာပြုအကူသင်တန်းတက်တယ်။ အလုပ်ရတယ်။ ဒါပေမဲ့ မီးနဲ့ ဦးမျိုးကတော့ အဆက်အသွယ်မပြတ်သေးဘူး။ ဦးမျိုးက တစ်လတစ်ခါ ဒီကို ပုံမှန်လာတယ်။ လာတိုင်းလည်း မီးကို လိုလေသေးမရှိအောင် စောင့်ရှောက်ပေးတယ်။ အကြောင်းစုံက ဒါပဲ"

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now