အပိုင်း(၁၁၄)

4.2K 13 5
                                    

"ဟဲလို"

"ဟဲလို...မြ......ပြော"

"ဪ....ကို.....မှာစရာရှိလို့"

"ဘာလဲပြောလေ"

"ညနေ အိမ်ပြန်လာရင်လေ ဘာမှ ထပ်မဝယ်ခဲ့နဲ့တော့။ အိမ်မှာ နို့စိမ်းခေါက်ဆွဲလာပို့ထားလို့"

"အင်း....ဘယ်သူ လာပို့ထားတာလဲ"

"ဆရာမလေ"

"ဘာ"

သတိုး နှုတ်မှမထိန်းနိုင်ဘဲ လွှတ်ခနဲ့အော်မိသည်။

"ကိုကလည်း....မြ တောင်လန့်တယ်။ ဘာဖြစ်လို့လဲ"

"ဘာ......ဘာမှမဖြစ်ပါဘူး။ ဆရာမလာပို့တာလား။ ဘာတွေပြောသွားသေးလဲ"

"ဘာပြောရမှာလဲ.....ကိုရဲ့။ အိမ်မှာချက်စားလို့ အများကြီးပိုနေတာနဲ့ သတိရလို့ လာပို့ပေးတာတဲ့။ အများကြီးပဲ"

သတိုး စိတ်တွေပူလောင်လာသည်။

နရီကို ရုတ်တရက်အဆက်အသွယ်ဖြတ်ထားတာ (၁)ပတ်လောက်ရှိပြီ။

သူမလည်း ရိပ်မိသည်ထင်ပ။

အိမ်ထိတောင်လိုက်ချလာတာပဲ။

မြ မရိပ်မိတာ ကံကောင်းသွားသည်ဟု ဆိုရမည်။

"ကို......ကို"

"ဪ.....အင်း"

မြ ခေါ်သံကြားမှ ပြန်လည်သတိဝင်လာသည်။

"ကိုကလည်း ပြောနေတာ အာရုံမစိုက်ဘူး"

"အင်း....အတွေးလွန်သွားလို့ပါ...မြကလေးရယ်"

"ဒါဆိုလည်းပြီးရော။ မြ ဒါလေးပြောစရာရှိလို့ ဖုန်းခေါ်လိုက်တာ"

"အင်း....အင်း"

မြနှင့်ဖုန်းပြောအပြီးမှ သတိုးစိတ်တွေ ပူလာသည်။

မတော်လို့ အိမ်ထိ လိုက်ပြောနေပါလျှင်။

မြနောက်ကွယ်မှာ ဇယားအသစ်ခင်းထားသည့် ကိစ္စသိခဲ့ပါလျှင်။

သတိုး တွက်ကိန်းမှားသွားခဲ့လေပြီ။

အရင်က ပက်သက်ခဲ့ဖူးသည့် မမူယာလိုမျိုး တိခနဲ့ဖြတ်ချလိုက်လျှင် ထားခဲ့အတိုင်း နေရစ်ခဲ့မည့်ပုံစံမျိုး မဟုတ်တန်လောက်ပါ။

ချစ်ဆိပ်ရည်သင့်ကြသူများWhere stories live. Discover now