Ep 1 (Uni)

2.4K 184 9
                                    


အမှန်တကယ် တွေးကြည့်ရရင်တော့လူလောကကြီးက ပျင်းစရာကောင်းလွန်းသည်။အိပ်တယ် ထတယ် အလုပ်လုပ်တယ် စားတယ် ဒါတွေနဲ့ပဲသံသရာလည်နေတော့လူဘဝသက်တမ်းတိုတိုလေးက တစ်ခါတစ်လေကျတကယ်ပျင်းစရာကောင်းသည်။

၅လွှာ တိုက်ခန်းရဲ့ခေါင်မိုးထပ်လေးမှာ ငှါးနေတဲ့ဘတ်ဟျွန်းအဖို့ရောပါပဲ။ကုမ္မဏီတစ်ခုမှာအလုပ်ဝင်လုပ်နေတာ၃နှစ်ရှိပေမဲ့ရာထူးတတ်ဖို့ကလဲ အခုထိအလားအလာမမြင်သေးဘူး။ အလုပ်တွေပိနေတဲ့ဘတ်ဟျွန်းကရည်းစားလဲမထားနိုင်သေးဘူး။အလုပ်လုပ်တယ် တစ်ခါတစ်လေသောက်တယ်။လုပ်ဖော်ကိုင်ဖက်တွေနဲ့က ရင်းရင်းနှီးနှီးအဆင်ပြေပေမဲ့အထက်လူကြီးတွေကသိတဲ့အတိုင်းတစ်ခါတစ်လေအာဏာပြပြီးပိတ်ဟောက်ချင်သေးတာ။

ဘတ်ဟျွန်းတစ်နေ့တာကအလုပ်တွေပိလိုက် တစ်ခါ
တစ်လေဆိူဂျူလေးကို ခေါင်မိုးထပ်ကအိမ်အပြင်မှာ
အမြည်းလေးနဲ့သောက်လိုက်၊အိပ်လိုက်ပါပဲ။ဒါပေမဲ့
အထီးကျန်နေတဲ့ ဘတ်ဟျွန်းကစာအုပ်လေးတွေဖတ်
တတ်တဲ့အကျင့်တော့ရှိတယ်။ internet ကရှာဖတ်ရတာ
စိတ်မဝင်စားပဲ ဘတ်ဟျွန်းကစာအုပ်ကို ကိုယ်တိုင်
ကိုယ်ကျလက်နဲ့ကိုင်ပြီးဖတ်မှကျေနပ်တဲ့လူစားမျိုး။

ပျင်းရိတဲ့လူဘဝကြီးက ရည်းစားလဲမရှိတော့ ရင်ခုန်ဖွယ်မဲ့လှသည်။ စားလိုက် အိပ်လိုက်နဲ့ သံသရာလည်နေတဲ့ သူက အမှန်ပြောရရင် ရည်းစားလေးတစ်ယောက်တော့ လိုချင်မိသား။ ခက်တာက ဘတ်ဟျွန်းရဲ့စံသတ်မှတ်ထားတဲ့ ပုံစံမျိုးကိုက ရှားပါးနေတာမျိုးပင်..

ဒါပေမဲ့သူရဲ့ ဒုတိယကမ္ဘာဖြစ်တဲ့ စာအုပ်တွေဖတ်နေရရင်တော့ ကုတင်ပေါ်မှာ ဆွေ့ဆွေ့ခုန်ပြီးလူးလိမ့်နေတတ်သည်။ တစ်ခါတစ်လေ ဆွတ်ဆွတ်ဖြူတဲ့စောင်ဟာ သွားရေရာတွေအကွက်လိုက်။ တစ်ခါတစ်လေကျ ခေါင်းအုံးပေါ်မှာလဲ မျက်ရည်အကွက်လိုက်။ ပုံမှန်ဘဝမှာ စိတ်မာတဲ့လူမျိုးဆိူပေမဲ့ စာအုပ်ဖတ်နေရရင်တော့ တခြားကမ္ဘာကို
ရောက်သွားသလိုပင် ဇာတ်ကောင်တွေနဲ့လိုက်ပါစီးမျောနေတတ်သည်။ ရင်ခုန်လိုက် ပျော်ရလိူက် အသည်းယားလိုက် ငိုရလိုက်ပါပဲ။

ပုံမှန်ဝတ္ထုတွေမဟုတ်ပဲ ခေတ်ကိုလက်ခံထားတဲ့လူပီပီ
လူငယ်မိန်းကလေးတွေကြား ခေတ်စားတဲ့ BLတွေကိုလဲ
Websiteမှ တစ်ခါတစ်လေရှာဖတ်တတ်သေးသည်။ ဖတ်နေကျမဟုတ်တဲ့ အရာတွေက အရသာအသစ်တစ်မျိုးပေးစွမ်းသည်မဟုတ်ပါလား။

Imaginary SphereWhere stories live. Discover now