part-1(အဏ္ဏဝါ)

32.7K 1.5K 12
                                    


💚အဏ္ဏဝါ 💚
--------------------

"အဏ္ဏဝါ​ရေ သူ​ဋ္ဌေးက သူ့ဆီလာခဲ့ပါဦးတဲ့"

ဆိုက်​ထဲက ကုမ္ပဏီ ကိုပြန်​​ရောက်​​ရောက်​ချင်း အတွင်း​ရေးမှူး
စော​ကေသီ လာ​ခေါ်တာ​ကြောင့်​ အလုပ်​စာပွဲတွင်​ ထိုင်​မည်​လုပ်​ပြီးမှ သူ​ဋ္ဌေး ရုံးခန်းထဲသို့ သွားလိုက်​ရပါသည်​။ သူ​ဋ္ဌေးက ပုံမှန်​ဆို ​သူ့ကို​ခေါ်​လေ့မရှိ​ပေမယ့်​ ဒီ​နေ့မှထူးထူးခြားခြား​ခေါ်သည်​မို့ သူဘာ​တွေများအပြစ်​လုပ်​ထားမိသလဲဟု စဉ်းစားကြည့်​သည်​။ စဉ်းစားလိုက်​တိုင်း ​အ​ဖြေက​တော့ သူဘာအပြစ်​မှမလုပ်​ထားဟုသာထွက်​သဖြင့်​ သူ​ဋ္ဌေးက အလုပ်​ကိစ္စ ​ပြောဖို့​ခေါ်တာ​နေမှာဟုသာ​တွေးလိုက်​သည်​။ တစ်​​နေကုန်​ အပြင်​ဆိုက်​ဆင်း​နေရသဖြင့်​ ပင်​ပမ်း​နေ​သည်​က သူ​ဋ္ဌေးရုံးခန်းကိုလာရ၍ ပိုပင်​ပမ်း​နေသလိုပင်​။

"သူ​ဋ္ဌေး ကျွန်​​တော့်​ကို​ခေါ်တယ်​ဆိုလို့ပါ"

ရုံးခန်း ထဲ​ရောက်​​တော့ သူ​ဋ္ဌေးက သူ့အား ဆိုဖာ ထိုင်​ခုံတွင်​ ကျကျနနထိုင်​ကာ ​စောင့်​​နေခဲ့သည်​။ ​သူ့ကို​ခေါင်းတစ်​ချက်​ညိမ့်
ပြပြီး ထိုင်​ရန်​ လက်​ဖြင့်​ ညွှန်​ပြ​တော့ သူလည်း သူ​ဋ္ဌေးနှင့်​ မျက်​နှာချင်းဆိုင်​ ထိုင်​ခုံတွင်​ဝင်​ထိုင်​လိုက်​သည်​။သူ​ဋ္ဌေးဆိုသူသည်​ မျက်​နှာဝိုင်းဝိုင်းနှင်​ပါဝါမျက်​မှန်​ကိုတပ်​ဆင်​ထားကာ ဝသည်​ဟုဆိုရမလား ဘီယာဗိုက်​ဟုဆိုရမလား အနဲငယ်​ဗိုက်​က
ပူထွက်​​နေသည်​။ သို့​သော်​ သူ​ဋ္ဌေးဟူသည့်​အရှိန်​​ကြောင့်
သားသားနားနား ​တော့ရှိလှပါသည်​။

"​ဟုတ်​တယ်​ ​မောင်​ရင်​"

"ကျွန်​​တော့်​ ကို ဘာ​ပြောစရာရှိလို့လဲခင်​ဗျ"

သူ​ဋ္ဌေးမျက်​နှာသည်​ အနဲငယ်​ တည်​တင်း​နေတာ သူသတိထားမိ​သည်​။သို့​သော်​ ည​နေ​ရောက်​​နေပြီဖြစ်​တာ​ကြောင့်​ သူအလုပ်​ဆင်းချင်​​နေသဖြင့်​ သူ​ဋ္ဌေးကို ​ပြောစရာရှိတာအမြန်​​ပြောပြီး အချိန်​မဆွဲ​စေချင်​။သူအိမ်ပြန်ေ​​နာက်​ကျလျှင်​ ​မေ​မေနှင့်​သမီး​လေးနှစ်​​ယောက်​က ည​နေစာမစားပဲထိုင်​​စောင့်​​နေကြမည်​ကိုမလိုလား​ပေ။

Anawar (Completed) Where stories live. Discover now