Part-14

11.1K 782 2
                                    

Zawgyi

တရိပ်​ရိပ်​​ပြေးလွှား​နေ​သော ​ရန်​ကုန်​မြို့လမ်းမထက်​က YBS
ကားတစ်​စီး​ပေါ်မှာ အဏ္ဏဝါ ဟာ ပြတင်း​ပေါက်​ အပြင်​ဘက်​ကို​ငေးလျက်​လိုက်​ပါလာပါသည်​။ အချိန်​က ည 9နာရီ​လောက်
ရှိ​နေပြီမို့ ကား​ပေါ်မှာ လူ​တွေက ရှင်းလင်းလို့​နေပါသည်​။

မှောင်းရိပ်​​သန်း​နေ​သော ​လောကအပြင်​ဘက်​ထက်​ မီး​ရောင်​စုံ​တွေထွန်းလင်းလျင်​ရှိ​နေကာ ဒီ​နေ့မှပိုလှပ​နေသလိုပါ။
မနက်​ဖြန်​ စ​နေ တနင်္ဂ​နွေ ကို overtime မဆင်​ပဲ နားရက်​ယူမည်​ဟု ဒီ​ခေတ်​ကို​ပြောခဲ့သဖြင့်​ အခုမှပဲ သူစိတ်​လက်​​ပေါ့ပါးသွားရသည်​။ဒါ​တောင်​ ဒီ​ခေတ်​က လိုက်​ပို့​ပေးမည်​ ဟု​ပြော​နေ​သဖြင့်​ အတင်းငြင်းခဲ့ရပါသည်​။

သူဆင်းရမည့်​ ကားမှတ်​တိုင်​​ရောက်​​တော့ ကား​ပေါ်က ဆင်းရင်း ​ပလက်​​ဖောင်း​ပေါ်ခပ်​​ဖြေး​ဖြေးလမ်း​လျှောက်​ကာ
ဘေးဘီဝဲယာကို သူကြည့်​​နေမိပြန်​ပါသည်​။ ဝါသနာဟု ​ပြောရ​လေမလား သူဟာ သဘာဝပတ်​ဝန်း​ကျင်​ကို ​ငေးကြည့်​ ရတာ
အရမ်းသ​ဘောကျပါသည်​။

"​လေးငယ်​"

အ​နောက်​မှ ​ခေါ်သံတစ်​ခုနှင့်​အတူ ပခုံးကို သိုင်းဖက်​ခံလိုက်​ရတာ​ကြောင့်​ သူရုန်းထွက်​ရင်း....

"အခုမှပြန်​လာတာလား ဒါဆို အိမ်​မှာ ​မေ​မေနဲ့ သမီး​လေးနှစ်​​ယောက်​ထဲလား"

မြတ်​​သောကို သူအလန့်​တကြား​ပြောရင်း အိမ်​ကို စိတ်​ပူမိသွားတာ​ကြောင့်​ ​ပြေးမည်​ အလုပ်​ မြတ်​​သောက အကဲပိုရန်​​ကော
ဟူသည့်​ အကြည့်​ဖြင့်​ကြည့်​ကာ....

"ကျွန်​​တော့်​ အ​မေရှိပါတယ်​​လေးငယ်​ရာ ပြီ​တော့ မီးကြီးနဲ့မီးငယ်​က မုန့်​စားချင်​တယ်​ဆို့လို့ ကျွန်​​တော်​ခနထွက်​ဝယ်​တာပါ"

"​အော်​"

အခုမှပင်​ သူ​ စိတ်​ပူ​နေသမျှ ​ပြေကာ ​အိပ်​ကပ်​ထဲသို့ လက်​နှစ်​ဖက်​နိုက်​ရင်း ​ခြေလှမ်းတို့ကို တစ်​လှမ်းချင်းလှမ်း​နေလိုက်​ပါသည်​။ မြတ်​​သော ကလည်း သူ့​နောက်​ တစ်​လှမ်းချင်းပင်​ လိုက်​၍လာပါသည်​။

Anawar (Completed) Where stories live. Discover now