Extra-1

12.5K 699 63
                                    

Zawgyi

"The untamed ကား​လေးအရမ်း​ကောင်းတာပဲ​အေ။
နင်​သိလား..အဲ့ထဲကမင်းသား​လေး​တွေ အရမ်း​ချောတာပဲ"

"ငါကြည့်​ပြီးပြီ... ဆင်​လိုက်​တာ​အေ"

စကားသံတစ်​ချို့ နားထဲတိုးဝင်​လာတာမို့ အဏ္ဏဝါ ​ခွေ​တွေ​ရွေး​နေရာမှ နားစွင့်​မိသည်​။ ခုတ​လော boy loveအ​ကြောင်း
တွေကို ​သေချာ​နားလည်​​အောင်​ ​လေ့လာ​နေသည်​မို့.. bl
ဇာတ်​ကား ​ခွေ​တွေများရှိ​လေမလား ​တွေးမိကာ ဒီ​ခေတ်
မသိ​အောင်​ ခိုးထွက်​လာခြင်းဖြစ်​သည်​။

"ဟုတ်​တယ်​ဟဲ့ ​လန်​ကျန်း​လေးရဲ့ မပွင့်​တပွင့်​အပြုံးက ငါ့ကို
သေ​စေနိုင်​တယ်​သိလား"

"အမယ်​.. ​​ဝေ့ရင်​​ကော ဘာထူးလဲ စပ်​စလူးစိန်​​နေတာ​လေးက အူယားစရာ ဖျစ်​ညစ်​ချင်​စရာ​လေးဟ"

တရုတ်​သိုင်းကား ​ခွေအား ကိုင်​လျက်​ အားရပါးရ ​ပြော​နေရှာ
သော မိန်းမငယ်​​လေးနှစ်​ဦး။အလွန်းဆုံးရှိမှ.. 17,18
ကျောင်းသူ​လေး​တွေဖြစ်​မည်​။

"ဟဲ့ ဟဲ့ ဒီမှာ Theory of loveလဲ ​ခွေထွက်​​နေပြီ"

"ဟယ်​.. ငါယူမှာ... Third​လေးက ငါ့အသဲ​လေ ငါကြိုက်​တယ်​ "

"နင်​မကြိုက်​တာရှိ​သေးလို့လား"

"မရှိဘူး​ အကုန်​ကြိုက်​တယ်​.. အရှခံ​နေရတဲ့ဘဝမှာ 
ပျော်​​နေပြီ"

"ဟွန့်​!! ဒါနဲ့ Theory of love ဇာတ်​သိမ်းပိုင်းကြည့်
လိုက်​ရလား.. ငါ​တော့ကြည့်​ပြီး ကြက်​သီး​တွေ ဖြန်းခနဲ
ဖြန်းခနဲပဲသလား"

"​အေ့ဟယ်​ Thirdက​လေ မနမ်းချင်​လို့သာ​တော်​​သေး
နှုတ်​ခမ်းကတစ်​​ထောင်​​လောက်​ ဆူထွက်​​နေပြီ"

"Kai ကလည်း တမင်​သက်​သက်​ live မပိတ်​ပဲ
ပိတ်​ချင်​​ယောင်​​ဆောင်​ပြီး နမ်းတာ... က​လေးနှုတ်​ခမ်းအိအိ​လေး​တွေကိုဟာ.."

"နှုတ်​ခမ်းအိအိ​လေး​တွေဆို​တော့ နင်​က သူ့နှုတ်​ခမ်းကို
နမ်းဖူးလို့လား"

"နမ်းဖူးတယ်​​လေ... အိမ်​မက်​ထဲ မှာ"

"$$$$$$$&%%§"

Anawar (Completed) Where stories live. Discover now