part-41

9.5K 642 38
                                    

Zawgyi

"မြတ်​​သော "

အမွှာနှစ်​​ယောက်​ အိပ်​​ပျော်​​နေတာကို ထိုင်​​ကြည့်​​နေ​သော
မြတ်​​သော အား ပန်​ပန်​က အသံတိုးတိုး​လေးဖြင့်​ ​ခေါ်လိုက်​​လေသည်​။ မြတ်​​သောက မျက်​လုံး​လေး လှန်​ကာ ဘာကြီးလဲဟူသည့်​ သ​ဘောဖြင့်​ ကြည့်​​လေ​တော့ သူမ လက်​ယက်​ကာ ​ခေါ်​လေသဖြင့်​ က​လေး​တွေ​ကို ​စောင်​​သေချာခြုံ​ပေးလိုက်​ပြီး
မြတ်​​သောသည်​ ​ခြေသံဖွဖွ​လေးနင်းကာ အခန်းအပြင်​သို့ ထွက်​လိုက်​ပါသည်​။

"မြတ်​​သော ...အန်​တီငြိမ်းက ဘယ်​သွားလို့ ​လဲ"

" ကိုဒီ​ခေတ်​က အခုရက်​ပိုင်း ဘာမှမစားဘူးတဲ့ ကို​ဒီ​ခေတ်
မစား​တော့ ​လေးငယ်​လဲ မစားဘူး...အဲ့တာ အန်​တီက
စိတ်​ပူပြီး  ကြက်​သားစွတ်​ပြုတ်​​လေးလုပ်​ တိုက်​မလို့ဆိုလားပဲ ​မီးဖို​ချောင်​ထဲ ဝင်​သွားတယ်​ "

"ဟုတ်​လား"

"အင်​...ဒါနဲ့ မ က ကျွန်​​တော့်​ကို ဘာ​ပြောစရာရှိလို့ လဲ"

"​ ငါ ​ဆေး​ရောင်​​တွေစပ်ေ​နတာ ...အဆင်​မ​ပြေဘူး
ခေါင်းရှုပ်​လာတာနဲ့ ခြံထဲ သွားထိုင်​ချင်​လာလို့ မင်းကို
လာ​ခေါ်တာ"

မြတ်​​သောသည်​ က​လေး​တွေကို တစ်​ချက်​လှမ်းကြည့်​လိုက်​ပြီး
အခန်းတံခါးကို ပိတ်​လိုက်​ပါသည်​။

"က​လေး​တွေလဲ အိပ်​​နေတာပဲဟာ... သွားရ​အောင်​​လေ "

"အင်​...အင်​"

ခေါင်း​လေးညိမ့်​ပြလျက်​ ချစ်​စဖွယ်​ ပြုံးပြရှာ​သော ​ကောင်​မ​လေးကို မြတ်​​သော အကဲ​ခက်​မိပါသည်​။ နဂိုကတည်းက မျက်​နှာ​ပေါ်က ခံစားချက်​​တွေကိုဖက်​တတ်​လွန်းသူမို့ သူမစိတ်​ထဲ ​ပြောစရာ စကား​တွေ ရှိ​နေတယ်​ဆိုတာ သူ သိ​နေသလိုပင်​။

ခြံထဲ​ရောက်​​တော့ ပန်​ပန်​ က ထိုင်​ခုံ​တွေ​ပေါ်မှာ မထိုင်​ပဲ
မြက်​ခင်းပြင်​သို့ထိုင်​ချလိုက်​သဖြင့်​ သူပါလိုက်​ထိုင်​ရပါ​တော့သည်​။ ​ကောင်းကင်​​ပေါ်က ကြယ်​​တွေကို လက်​ညိုး​လေး​ဖြင့်
ရေတွက်​ရင်း သူမ ​ရင်​ထဲ ​လေးလံမူ့တစ်​ခုရှိ​နေတာကို ဖုံးကွယ်
ဖို့ကြိုးစား​နေရှာ​သည်​။ ဖွင့်​​ပြောလာ​စေဖို့ တိတ်​ဆိတ်​စွာ ​စောင့်
စား​နေ​ပေမယ့်​ သူမ ဘက်​က စကားမစသည်​မို့ ... သူ ကပဲ
မေးရ​လေ​တော့သည်​။

Anawar (Completed) Where stories live. Discover now