Part-21

10.1K 764 4
                                    

Zawgyi

တိတ်​ဆိတ်​ ​နေ​သော တိုက်​ခန်း​လေးထဲ အဏ္ဏဝါ သည်
ရေဝတ်​​လေးကို ဒီ​ခေတ်​နဖူး​ပေါ် တင်​လိုက်​ချလိုက်​ဖြင့်
အလုပ်​ရှုပ်​လို့​နေပါသည်​။ထို့ပြင်​ ဒီ​ခေတ်​ ၏ နဖူး​ပေါ် လက်​ဖဝါး​​လေးဖြင့်​ စမ်းကြည့်​လိုက်​ လက်​ခုံး​လေးဖြင့်​ စမ်းကြည့်​လိုက်​လုပ်​ကာ မိမိ နဖူးကို ပြန်​စမ်းကြည့်​ရင်း အပူချိန်​ကိုတိုင်း
နေပြန်​သည်​။ အပူချိန်​သိပ်​မကွာ​တော့ဘူးဆိုမှ သက်​ပြင်း​လေး
ချမိသွား​တော့သည်​။ ထို့​နောက်​ ​စောင်​ကို ပြန်​ပြင်​ခြုံ​ပေးလိုက်​ပြီး ဖြူ​ဖျော့​ဖျော့ အားအင်​မရှိသည့်​မျက်​နှာ​လေးကို ကြည်​မိလိုက်​ပြန်​ပါသည်​။

သိသိသာသာပင်​ ​ချောင်​ကျသွား​ သည့်​တိုင်​ ဒီ​ခေတ်​ မျက်​နှာ​​လေးသည်​ အချိုးကျနစွာ ​ချော​မော​နေဆဲဖြစ်​သည်​။ ​ခပ်းပါးပါးနှုတ်​ခမ်းတို့သည်​ ​ပြာ၍ ​ချောက်​ကပ်​​နေသည်​မှာ ​အစာ​ရေစာ ငတ်​ပြတ်​သူတစ်​​ယောက်​လိုရှိ​နေ၏။ အနီးကပ်​ကြည့်​ဖူးခဲ့​သော
မျက်​ခွံ​ပေါ်မှ ​သွေ​ကြော​လေးတို့သည်​ အခု​တော့ဖြင့်​ ပို၍
ထင်း​နေကာ ​​အရင်​လို ​ငေးကြည့်​ချင်​ဖွယ်​မ​ကောင်း​တော့​ပေ။
ခေါင်း​ပေါ်မှ ဖြူဖြူ ​ဖွေး​ဖွေးပတ်​တီးဆီသို့ အကြည့်​​ရောက်​မိသည့်​အခါ ရင်​ဘတ်​ထဲ က တစ်​​နေရာက ဆူနစ်​၍ ​အောင့်​တတ်​လာသည်​။ ဒီလို​တွေဖြစ်​ရတာ သူကလဲ့စား​ချေခဲ့လို့မဟုတ်​လား .....။လူတစ်​​ယောက်​လုံး ​သေ​ကောင်​​ပေါင်းလဲ
ဖြစ်​​နေသည်​ကိုပင်​ ဘာမှမဖြစ်​ဘူးထင်​လို့ ကိုယ့်​ကိုယ်​ကို အားမလိုအားမရ​တွေဖြစ်​​နေခဲ့သည်​။အကျိုးရလဒ်​အဖြစ်​ ဒီ​ခေတ်​အခုလို ဖြစ်​​​နေတာ မြင်​ရသည့်​အခါ ​​ပျော်​ရွှင်​မူ မရသည့်
အပြင်​ စိုးရိမ်​မူ​တွေကသာ ပိုလို့လာပါသည်​။ ဘာ​ကြောင့်​လဲ​တော့ မသိ​ပေမယ့်​ စိတ်​ထဲ ခံစားရခက်​လွန်းသည်​။

"ဒီ​ခေတ်​ ခင်​ဗျားကဘယ်​သူလဲဟင်​ မမလှိုင်းနဲ့ ချစ်​သူ​တွေဖြစ်​တာ ​ဒီ​ခေတ်​လား ​ရှေး​ခေတ်​လား ဘာလို့ကျွန်​​တော့အစ်​မကို
လာမ​ခေါ်တာလဲဟင်​ ​မမက​လေ ​နေ့တိုင်း ​နေ့တိုင်း ​မျှော်​​နေခဲ့တာ တစ်​ရက်​ပြီးတစ်​ရက်​ ရက်​​တွေ ​ရေတွက်​ရင်း သူ​စောင့်​​နေခဲ့တာ ....ရက်​စက်​တယ်​ ခင်​ဗျားတို့ ညီအကို​တွေ ကျွန်​​တော်​တို့​မောင်​နှမအ​ပေါ် ရက်​စက်​တယ်​ ရက်​စက်​လွန်းတယ်​"

Anawar (Completed) Where stories live. Discover now