Special EP

11.2K 507 47
                                    

Zawgyi...

🔞🔞

Happy birthday!!!!

မြနဲ့ကျောက် မွေးနေ့လေးကတော့ စည်းကားသိုက်မြိုက်စွာ
ကျင်းပလို့နေပါသည်။ နှစ်တိုင်းလိုလို လုပ်ပေးဖြစ်သည်မို့
အရင်လို စိတ်နာသည် ၊လွမ်းသည်၊ ဝမ်းနည်းသည် တို့ မရှိသလောက် ဖြစ်နေပါပြီ။

"လူကြား သူကြားထဲမှာ နဲနဲလောက်ဆင်ခြင်ကြပါဦးလား"

မြတ်သော၏ သတိပေးစကားအား လျစ်လျူရှူ့လျက်ပင်
အဏ္ဏဝါသည် ခုံတွေအများကြီးရှိသည်ကိုမျက်ကွယ်ပြုကာ
ဒီခေတ်ရဲ့ နွေးထွေတဲ့ ရင်ခွင်နဲ့ ပေါင်အိအိတွေပေါ်
ထိုင်နေ၏။ ဒီခေတ်ရဲ့ လက်တွေဟာ အဏ္ဏဝါ ပြုတ်ကျမှာ
စိုးရိမ်နေသလို ခပ်သွယ်သွယ်လက်နှစ်ဖက်ဖြင့် ခါးသေးသေး
ကလေးလေးကို ဖက်တွယ်ထားပေးပါသည်။ အဏ္ဏဝါ သည်
လာသမျှလူကို ပါးချိုင့်တွေခွက်ဝင်နေသည်အထိ တမင်တကာ
ပြုံးယူပြလျက် မထီမဲ့မြင် ရှိနေကာ သူလက်တွေဟာလဲ
ဒီခေတ်ရဲ့ လက်တွေပေါ် ထပ်လျက်ရှိနေပါသည်။

ဒီကမ္ဘာမှာ ငါ့လိုမျိုး သွားလေးရာ ထိုင်ခုံအိအိလေး သယ်သွား
နိုင်တဲ့သူရှိလို့လား ဆိုသည့်ဂုဏ်ဆာနေပုံအား မနိုင်ဘူးဟုဆိုကာ အကုန်လုံးက ဘေးမဲ့ပေးထားကြ၏။

"ကလေး ပင်ပမ်းနေပြီလား"

ဘေးနားရှိ ပန်ပန်၏ မျက်စောင်းက ဒီခေတ်ထံဒိုင်းခနဲ ကျရောက်သည်။ ဘယ့်နှယ် ဘာမှမလုပ်ပဲ တစ်ချိန်းလုံး သူများပေါ်
ထိုင်နေတာကို မေးတတ်ပါပေ့။

"မျက်စောင်း သိပ်မထိုးနဲ့ မွေးလာတဲ့ကလေး ရုပ်ဆိုးလိမ့်မယ်"

အဏ္ဏဝါ စကားကြောင့် ပန်ပန်ဘာပြောရမယ်မှန်းပင်မသိ။
ငါအရင်က ဒီသောက်ပျင်းကျောလေးကို ဘာကြည့်ကြိုက်ခဲ့တာလဲ။

"သားသား မားကို အဲ့လိုမပြောရဘူး။ သားညလေး က သားလိုပဲချောမှာ"

ရေခဲမုန့်လေး ဇွန်းအပြည့်ကော်စားလျက် ပါးပေါ်မှာ ဆော့ထားသော ကိတ်လေးတွေ ပေကျံနေသော သားသားက
ပလုတ်ပလောင်း ဆို၏။

"ရှေးသစ်ဒီမောင်!!"

"ဂျာ"

အသံပီသော်လည် သားသားကအချွဲပို၏။ မိဘတွေရဲ့နာမည်
စုပေါင်းပေးထားတာကြောင့် ရှေးသစ်ဒီမောင် ဟာ
ရှေးခေတ်လို နူးညံ့တတ်သလို ဒီခေတ်နဲ့မြတ်သောလို
ဥာဏ်များတတ်ကာ ပန်ပန်နဲ့အဏ္ဏဝါလို ဘာမှမဟုတ်ပဲလဲ
စိတ်အကြီးအကျယ်ဆိုးတတ်ပါသည်။

Anawar (Completed) Where stories live. Discover now