part-8

11.5K 932 20
                                    

Zawgyi

"​​လေးငယ်​​ရေ ​လေးငယ်​"

လူကိုမ​တွေ့ရ​သေးခင်​ အသံစူးစူးက တစ်​ရပ်​ကွက်​လုံးကြားရ​လောက်​​အောင်​ ဟိန်းထွက်​လာသည်​။ ဧည့်​ခန်းထဲက သစ်​သား
ထိုင်​​ခုံ​လေး​ပေါ် ထိုင်​ရင်း ဆန်းသစ်​တဲ့ ဒီဇိုင်း​တွေရချင်​တယ်​လို့ အက္ခရာ​ပြောထားတာကိုသတိရပြီး ပုံကြမ်း​လေး​တွေကို
Drawingလုပ်​​နေမိသည်​။လက်​ကဒဏ်ရာ​ရှိ​နေ​သော်​လည်းငြိမ်​ငြိမ်​ မ​နေချင်။ထို့အပြင်​ အက္ခရာအထင်ေ​သးတာမျိုးသူမခံချင်​ပ။ဒဏ်ရာ​နာတာကို ​မေ့ထားရင်း.......
စိတ်​ဝင်​တစား လုပ်​​နေမိ၍လားမသိ အပြင်​ဘက်​မှ သူ့နာမည်​ တ​ကြော်​​ကြော်​​အော်​ပြီး အိမ်​​ပေါ်​ပြေးတတ်​လာ​သော မြတ်​​သော ​ကြောင့်​ စိတ်​ရှုပ်​ကာ လုပ်​လက်​စတို့ ခန ရပ်​တန့်​လိုက်​ရသည်​။

"အလန့်​တကြားနဲ့ မြတ်​​သောရာ ဘာဖြစ်​လာတာလဲ"

သူ​မေးတာကို မ​ဖြေနိုင်​​သေးပဲ မြတ်​​သောက အသက်​ကိုအားရပါရ ရှူ​နေ​သေး၏။ရင်​ဘတ်​ကို လက်​နှင့်​ဖိရင်း အ​မော​ပြေပြီိဆိုမှ.....

"​လေးငယ်​ laptop သုံး​နေတာလား ကျွန်​​တော့်​ကို ခနငှါး"

"ဟမ်​!!!ဘာလို့ငှါးရမှာလဲ မင်းဟာမင်းသုံး​လေ ငါ ပုံကြမ်းဆွဲ​နေတယ်​ ​ပေးလို့မရဘူး"

Laptopဆို၍ သူ ပထမနှစ်​စတတ်​တုန်းက လိုချင်လွန်းတာ​ကြောင့်​ ပူဆာထားသည့်​ မမလှိုင်း ဝယ်​​ပေးထား​သော ဒီတစ်​ခုသာ ရှိပါသည်​။ လူငယ်​ဖြစ်​သည့်​အပြင်​ အင်​ဂျင်​နီယာ လည်း
ဖြစ်​တာ​ကြောင့်​ မရှိမဖြစ်​မို့ သူဝယ်​ခိုင်းခဲ့ခြင်းဖြစ်​ပါသည်​။
ဈေးအရမ်းကြီးတဲ့ထဲကမဟုတ်​​ပေမယ့်​ ဒီ laptop​လေးကို​တော့ သူအမြတ်​တနိုးထားပြီး ရိုရို​သေ​သေကိုင်​တွယ်​ဖြစ်​တာ
အခု အလုပ်​ရတဲ့ အထိပင်​ ဖြစ်​သည်​။ ​နောင်​လည်း ဒီ laptop​လေးပဲ ဆက်​သုံးရအုံးမှာမို့ သူများကို ​ပေးမကိုင်​ချင်​။

"ဟာ ​လေးငယ်​ရယ်​ လုပ်​ပါ တစ်​ခါပဲ ကျွန်​​တော့်​ဟာက ဘက်​ထရီ ​လောင်​သွားလို့ အသစ်​လဲဖို့ ဆိုင်​ပို့ထားတာ အခုအရမ်း​အ​ရေးကြီး​နေလို့ပါ ​နော်​ ​လေးငယ်​"

Anawar (Completed) Where stories live. Discover now