Part-30

10.8K 668 23
                                    

Zawgyi

"မစားချင်​ဘူး မစားချင်​ဘူး အီး...."

"မီးငယ်​က ပန်းသီးမကြိုက်​ဘူးလား ပန်းသီးမစားရင်​ဘာစားမလဲဟင်​ ​​ဖေ​ကြီး ​ကျွေးမယ်​"

"မစားဘူး...မစားဘူး"

"ဘာလို့လဲ သမီး​လေးရဲ့ ​ဖေ​ဖေ့ကို မချစ်​ဘူးလားဟင်​"

"မချစ်​ဘူး အီ...."

မျက်​ရည်​​လေး​တွေ အိုင်​လျက်​ မီးငယ်​မှာ ​ရှေး​ခေတ်​​ပြောသမျှ
အကုန်​ငြင်း​နေ​၏။ စိတ်​မ​ကောင်း​ဖြစ်​မိ​ပေမယ့်​ ချက်​ချင်း လုပ်​ယူလို့မရတဲ့ ခင်​မင်​ရင်​နှီးမူ​ကြောင့်​ သမီး​လေး​တွေကို အချိန်​ပို
ပေးရန်​သာ ​ရှေး​ခေတ်​ ဆုံးဖြတ်​ရသည်​။မီးကြီးက​တော့ ကာတွန်းကား​လေးကြည့်​ကာပန်းသီးကို စိမ်​​ပြေန​ပြေ စား​နေ​လေသည်​။ ဒီအမွှာ​လေး​တွေ တစ်​​ယောက်​က​အေးပြီး တစ်​​ယောက်​က စွာစိလန်​​နေသည်​ကို သူ သတိထားမိ​တော့ ငယ်​ငယ်​က
သူတို့နှစ်​​ယောက်​ရဲ့ ပုံရိပ်​​လေး​တွေကိုအမှတ်​ရသွား​စေသည်​။

"သမီး​လေးရဲ့ ​မောမယ်​ မငိုနဲ့​တော့​လေ သမီဘာလုပ်​ချင်​လဲ
ဖေ​ဖေ လုပ်​​ပေးမယ်​"

ဒီ​တော့မှ မီးငယ်​​လေးက ချက်​ချင်း အငိုတိတ်​ကာ မျက်​ရည်​မကုန်​စင်​​သော မျက်​နှာ​လေနှင့်​ သူ့နားသို့ကပ်​ကာ ....

"ဘိုမ ရုပ်​အကြီးကြီး လိုချင်​တယ်​ မီးကြီး မသိ​စေနဲ့​နော်​ "

ပြော​နေပုံ​လေးက နှုတ်​ခမ်​​လေးပင်​​ထော်​လို့ပါ။ မီးငယ်​​လေး
ပြောသည်​ကို ​ရှေး​ခေတ်​ သ​ဘောတကျရယ်​မိ၏။ ပြန်​စဉ်းစား
ကြည့်​လျှင်​ ဒီ​ခေတ်​သည်​ သူမသိ​အောင်​ အရုပ်​​တွေအများကြီး
ဝယ်​တတ်​၏...ပြီးလျှင်​​တော့ သူပဲ ​စေတနာ ​ကောင်းသူလိုလို
သူမ​ဆော့​တော့တဲ့အရုပ်အ​ပို​တွေ လာလာ​ပေးတတ်​သည်​။
သို့​ပေမယ့်​ ဒီ​ခေတ်​ အရုပ်​​တွေ လာ​ပေးတိုင်း ​​ရှေး​ခေတ်​​ပျော်
နေခဲ့ပါသည်​။

"ဟုတ်​ပါပြီဗျာ မငိုနဲ့​တော့​နော်​ အခုသွားဝယ်​​ပေးမယ်​ မွ..
ချစ်​ဖို့​ကောင်းလိုက်​တာ ​ဖေ့ သမီး​လေးက"

Anawar (Completed) Where stories live. Discover now