Part-28

9.7K 705 14
                                    

Zawgyi

"အ​ခြေအ​နေ ဘယ်​လိုလဲ!!"

ဦးဒီ​ခေတ်​​ကျော​ဇော ရဲ့ လူယုံ ...တစ်​နည်းအားဖြင့်
နောက်​လိုက်​​ခွေးဟုလူသိများ​သော ရန်​ပိုင်​ထွန်းက ​​မေး​သောအခါ ​တော်​ရုံ စကားမ​ပြောသည့်​ စိုးမြတ်​မင်း က ​ခေါင်းညိ့မ့်​ပြ၏။ အသက်​အရွယ်​အားဖြင့်​ 35နှစ်​နီးပါး ရှိ​နေပြီ ဖြစ်​​သော်​လည်း ​ကျေးဇူးရှိဖူးသူ ဦး​ကျော​ဇော ထံ ​ကျေးဇူးဆပ်​လိုသဖြင့်
ကာကွယ်​ ​စောင့်​​ရှောက်​ရင်း ​နေလာခဲ့ကြရာ သူတို့နှစ်​​ယောက်
သည်​ တကယ်​ ညီအစ်​ကို​တွေလိုပင်​ ခင်​မင်​ရင်းနှီးကြပါသည်​။
စိုးမြတ်​မင်းသည်​ ငယ်​ငယ်​ကပင်​  မိဘ​တွေအသတ်​ခံရသည်​ကို မျက်​စိ​ရှေ့မြင်​ခဲ့ရသဖြင့်​ စကားမ​ပြောနိုင်​​တော့​ပေ။
ဦး​ကျော​ဇော ၏ အကူအညီဖြင့်​ သူ့မိဘ​တွေ သတ်​ခဲ့တဲ့သူ​တွေကို ပြန်​သတ်​နိုင်​သည့်​အခါမှ အသံပြန်​ထွက်​၍ ရလာခဲ့သည်​။
ရန်​ပိုင်​ထွန်းက​တော့ မိဘမဲ့တစ်​​ကောင်​ကြွက်​ဖြစ်​၍ လမ်း​ဘေး
ရောက်​​နေသည့်​အခါ ဦး​ကျော​ဇော က ကူညီ​ပေးခဲ့​လေသည်​။
ဒီလိုဖြင့်​ပင်​ ​ဦး​ကျော်​​ဇော်​ကို ​ကျေးဇူးရှင်​ဟု သတ်​မှတ်​၍
ဦး​ကျော​ဇော ဖြစ်​ခြင်​သမျှကို နှစ်​​ယောက်​လုံးက မညည်းညူ
မျက်​နှာတစ်​ချက်​မပျက်​ အကုန်​လုပ်​​ပေးခဲ့ကြ​လေသည်​။

"မင်​ ဘယ်​​တော့မှ စကား​ပြောမှာလဲ ငါမ​သေခင်​​တော့ မင်းစကား​ပြောတာ တစ်​ခါ​လောက်​ကြာဖူးချင်​တယ်​"

ရန်​ပိုင်​က စိုးမြတ်​အား ငဲ့ကြည့်​ရင်း​ပြောလိုက်​​လေသည်​။ စိုးမြတ်​က​တော့ ​ရှေ့တည့်​တည့်​ကိုသာ အသက်​မဲ့သူလို ကြည့်​​နေ၏။ ထို့​နောက်​ အလိုလို မျက်​​မှောင်​ကြုတ်​သွားလျက်
အောက်​ထပ်​သို့​ပြေးဆင်းသွား​လေသည်​။ ရန်​ပိုင်​သည်​ စိုးမြတ်
ကြည့်​​နေ​ခဲ့​သော ​နေရာသို့ ကြည့်​လိုက်​သည့်​အခါ ခမ်းနားလှ​သော ခြံဝင်းထဲ​သို့ ဝင်​လာ​သော ကားတစ်​စီးကို ​တွေ့လိုက်​ရ​လေသည်​။ သူသည်​လည်​ ဥက္ကဋ္ဌ ကြီးကို အ​ကြောင်းကြားပြီး ​အောက်​ထပ်​သို့​ပြေး​ဆင်းရပါ​တော့သည်​။

Anawar (Completed) Where stories live. Discover now