Part-3(ပန်​သစ္စာ)

16.1K 1K 13
                                    

Zawgyi

💚ပန်​သစ္စာ💚

အသဲပုံမှန်​နှင့်​ ကျွန်းသားဖြင့်​ပြုလုပ်​ထား​သော မှန်​တင်​ခုံ ​ရှေ့
ကျော့​ကျော့​မော့​မော့​လေးထိုင်​​နေသူ မှာS.P.M ကုမ္ပဏီ သူ​ဋ္ဌေး ဦးဥက္ကာ​ကျော်​၏ သမီးဖြစ်​သူ ပန်​သစ္စာ ဖြစ်​ပါသည်​။ ပန်းဆီ​ရောင်​ ခပ်​​ပျော့​ပျော့ကိုမှ စိုစိုအိအိ​လေးဖြစ်​​စေသည့်
နှုတ်​ခမ်းနီကို ဆိုးထားပြီး ဆံပင်​​တွေကို အ​ပြောင်​သိမ်းကာ အ​နောက်​မှာခပ်​မြင့်​မြင်​​လေးစီးထား၏။ ​မျက်​နှာ​ရှေ့ နှစ်​မျှင်​သုံးမမျှင်​မျှ ကျ​နေ​သော ဆံပင်​​လေး​တွေအား v shade မျက်​နှာ
လိုက်​ဖက်​မူရှိ​အောင်​ တမင်​ပင်​ချထားသည်​။အ​ရောင်​ခြယ်​ထားခြင်းမရှိ​သော ဆံပင်​သည်​ နဂိုမူလအ​ရောင်​ကပင်​ အရမ်းမဲနက်​မ​နေပဲ ညို​နေသလိုရှိသဖြင့်​ မသိလျှင်​ ဆံပင်​ဆိုးထားသည်​နှင့်​တူလွန်းလှသည်​။ မျက်​ခုံး တန်း​လေးက ​လေးကိုင်းပုံသဏ္ဍကိုင်း​နေသဖြင့်​ လှပလွန်းလှ၏။ဆံပင်​စီးထားသဖြင့်
ပေါ်​နေ​သော နာရွက်​​လေးတွင်​ ပုလဲ လုံး​လေး တစ်​လုံးစီ​နေရာယူလျက်​ရှိသည်​။ ​ကျော့ရှင်း​သော လည်​တိုင်​တွင်​ ပုလဲ ဆွဲကြိုး​လေးကို ဝတ်​ဆင်​လိုက်​ပြီးမှ ပြန်​ချွတ်​ပြစ်​လိုက်​သည်​။
ထို့​နောက်​မှန်​​ရှေ့ မိမိကိုယ်​ကိုယ်​ စိုက်​ကြည့်​လိုက်​ပြီး မပြူးမကျယ်​ပဲ ​ဘေးဖက်​ကို ခပ်​ရှည်​ရှည်​ ဖြစ်​​နေသည့်​ မျက်​ဝန်းတို့ဖြင့်​  ညို့အားပြင်း​သော အကြည့်​ကို ဟန်​လုပ်​ကြည့်​သည်​။
မှန်​ထဲမှ ပန်းနု​ရောင်​ဝမ်​ဆက်​​လေးနှင့်​ ရိုးရိုးရှင်းရှင်း ဖြင့်​ စွဲ​ဆောင်​မူရှိကာ လှပ​နေ​သော သူမ ပုံသဏ္ဍန်​အား သ​ဘောကျ​နေ၏။ မှန်​တင်​ခုံ​ရှေ့ ထိုင်​​နေရာမှ ထပြီး ခန္ဓာကိုယ်​ကို တစ်​ပတ်​လှည့်​၍ ကြည့်​သည်​။ ဟိုဘက်​ဒီဘက်​ လှည့်​ကာ မှန်​​ရှေ့မှ မခွာနိုင်​ အထပ်​ထပ်​အခါခါ ကြည့်​ပြီးမှ ယုံကြည်​မူရှိရှိပင်​ အခန်းအပြင်​သို့ထွက်​လာခဲ့သည်​။

မ​နက်​အ​​စောကြီး ထကာ လှပ​နေ​သော သမီးဖြစ်​သူကို မိခင်​ဖြစ်​သူ ​ဒေါ်ပန်​ မြတ်​ခြယ်​ က တအံ့ကြည့်​​နေသည်​။ ထမင်းစားခန်းထဲ အရင်​​ရောက်​နှင့်​​နေပြီဖြစ်​​သော ဖခင်​ဖြစ်​သူ ဦးဥက္ကာ​ကျော်ကလည်း ကြည့်​​နေ၏။ သူမက​တော့ ဂရုမစိုက်​စွာပင်
မိဘဖြစ်​သူ​တွေအား ရယ်​ပြကာ ထမင်းစားဝိုင်းတွင်​ ဝင်​ထိုင်​လိုက်​သည်​။ ထို့​နောက်​ ​ကြွေခရားအိုးထဲမှ လဘ္ဘက်​ရည်​ကို
ပန်းကနုတ်​​လေး​တွေထိုးထား​သော ​ကြွေပန်​ကန်​လးထဲငှဲ့ထည့်​ပြီး နှင်းဆီပန်းပုံခရင်​​လေး​တွေပါ​သော ကိတ်​မုန့်​​သေး​သေး​လေးတစ်​တုံး ကို ဟန်​ပါပါပင်​စားလိုက်​သည်​။

Anawar (Completed) Where stories live. Discover now