Part-29

9.9K 721 22
                                    

Zawgyi

"ဒါ...ဘယ်​နေရာလဲ "

ဝရံတာ ကိုထွက်​ရပ်​လိုက်ပြီး ​သစ်​ခွပန်း​​ဝါဝါ​လေး​တွေ၏
ခပ်းသင်းသင်း နှင့်​ လတ်​ဆတ်​လှသည့်​​လေကို ရှူရှိုက်ရင်း ဒီ​ခေတ်​ ​မေးလိုက်​ခြင်းဖြစ်​ပါသည်​။ အိမ်​ကြီးသည်​ ဝါ​ဖျော့​ဖျော အ​ရောင်​​လေးဖြစ်​လျက်​ ​သုံးထပ်​တိုက်​မြင့်​၏။ ကျယ်​ဝန်းလှ​သော ခြံကြီးနှင့်​အတူ အ​နောက်​တိုင်းဆန်​​သော အ​ဆောက်​အဦး သွင်​ပြင်​ရှိ​လေသည်​။ ​သေချာကြည့်​လျှင်​ အိမ်​ကြီးနှင့်​​တောင်​မတူပဲ​ဈေးဝယ်​ center ocean ​တွေကဲ့သို့ အကြီးကြီးဖြစ်​သည်​။အိမ်​ကြီးရဲ့အ​ရှေ့ဘက်​တွင်​သစ်​ခွပန်း​တွေရှိပြီး အ​နောက်​ဘက်​တွင်​ အသဲပုံ ​ရေကူးကန်​အကြီးကြီး တစ်​ခုရှိ​လေသည်​။ ထို့ပြင်​ ထီး​လေး​တွေမိုးထား​သော ထိုင်​ခုံ ဝါနုနု​လေး​တွေလည်း ရှိ​သေးသည်​။ ​ပြောရရင်​ ဒီအိမ်​ကြီးကို အဝါ​ရောင်​ ​လေး​တွေဖြင့်​ ခြယ်​သထားသလိုပင်​။

ရှေး​ခေတ်​သည်​ လက်​ထဲမှ ​ကော်​ဖီခွက်​​လေးကို ကိုင်​ထားပြီး ပြုံး​နေ၏။ မျက်​ဝန်းတို့မှာ​တော့ အလွမ်းအ​ငွေ့သက်​တို့ရှိ​နေ​လေသည်​။

"ရန်​ကုန်​မှာပဲ​လေ !!!"

"ငါက တခြား ကမ္ဘာ​ပေါ်မှာထင်​လို့"

"လာ​နောက်​မ​နေနဲ့ "

"မင်းအရင်​​နောက်​တာပဲ"

"အဟင်း..."

ရယ်​​နေ​သော ​ရှေး​ခေတ်​မျက်​နှာ​လေးကို ​ဒီ​ခေတ်​ ​ငေးမိသွား၏။ လွန်​ခဲ့တဲ့ ငါးနှစ်​​လောက်​ကတည်းက ​ပျောက်​ဆုံးသွား
တဲ့ ​ရှေး​ခေတ်​ရဲ့ ​ပေါ့​ပေါ့ပါးပါး ရယ်​​နေပုံ​လေးကို ပြန်​မြင်
ရ​ပေပြီ။ အမြဲတမ်းပြုံးရယ်​​နေပါလား ​ရှေး​ခေတ်​ ငါမရှိ​တော့ရင်​လည်း ဆက်​ပြီး ပြုံးရယ်​​နေပါ။

"ဒီ​အိမ်​ကို မင်း​ဆောက်​ထားတာလား ဘယ်​တုန်းကလဲ "

"ဟုတ်​တယ်​ လွန်​ခဲ့တဲ့ ခြောက်နှစ်​ ​လောက်​က လှိုင်းကို ငါ့
ဘဝလက်​တွဲ​ဖော်​အဖြစ်​ ​ရွေးချယ်​မိတဲ့ အချိန်​ကစပြီး အတူတူ​နေဖို့ ရည်​ရွယ်​ချက်​ နဲ့​ဆောက်​ထားတာ"

Anawar (Completed) Où les histoires vivent. Découvrez maintenant