Part-24

10.5K 746 21
                                    

Zawgyi

ချစ်​သူနဲ့​ကွေကွင်းခဲ့ရလို့ ​ရှေး​ခေတ်​​သည်​ ယူကျုံးမရ​ကြေကွဲ
ဝမ်းနည်း ခဲ့ရတာ သူ မျက်​မြင်​ကိုယ်​​တွေ့ဖြစ်​ပါသည်​။
သွေးသာရင်းချာ ဖြစ်​တဲ့ အဏ္ဏဝါ ဆိုရင်​​တော့ပိုဆိုးလိမ့်​မယ်​ဆိုတာ အထူး​ပြောစရာမလို​တော့​ပေ။  လူ့​လောကထဲ မိဘဆိုတာ မရှိပဲ ​ရောက်​လာတဲ့ က​လေး​လေး ​တွေအတွက်​ ဘယ်​​လောက်​ထိရင်​နာ​နေလိမ့်​မလဲ ​တွေးရင်းပင်​ အဲ့ဒီတုန်းက ​ရှေး​ခေတ်​ကို မြန်​မာနိုင်​ငံပြန်​မပို့ခဲ့မိခြင်းအတွက်​ ​နောင်​တရလာ
သည်​။ ​​ရှေး​ခေတ်​ဆိုတာ အရာရာ​ပျော့ညံ့တတ်​ပြီး
နာခံတတ်​လွန်း သူမို့ ဒီ​ခေတ်​​ပြောလျှင်​ ဘယ်​​တော့မှမငြင်း
ဆန်​တတ်​​ပေ။ အ​ဖေအမိန့်​တစ်​ချက်​​ပေးလျှင်​ ငြင်းဆိုဝံ့သူ
မဟုတ်​သည့်​တိုင်​ အခု​စေ့စပ်​ပွဲကိုလည်း ငြင်းဆိုမည်​ မဟုတ်​​ပေ။ သို့​ပေမယ့်​ ဒီတစ်​ခါ​တော့ ​ဖေ​ဖေ့ စိတ်းတိုင်းကျ ဖြစ်​​စေဖို့
သူခွင့်​မပြုနိုင်​။ စီးပွာ ဥစ္စာ ချမ်းသာ​နေပြီး စိတ်​အစဉ်​က ငရဲကျသလို ဆင်းရဲစွာ ခံစား​နေရလျှင်​ ဘဝဆိုတာ ဘာအဓိပ္ပါယ်​မှ မရှိ​တော့​ပေ။

လက်​​ချောင်းဖြူဖြူ​သေး​သေး​လေး​တွေကို သူ့ရဲ့ လက်​ရှည်​ရှည်​​တွေနဲ့ အုပ်​ကိုင်​ရင်း စိတ်​ထဲက​​နေ ကတိ​တွေအထပ်​ထပ်
ပေးမိသည်​။

ဒီ​နေ့ကစပြီး ညီတို့မိသားစုကို ကိုယ်​ကာကွယ်​မယ်​ ကိုယ့်​အသက်​နဲ့လဲပြီး ကာကွယ်​မယ်​ ....ဒီ​နေ့ကစပြီး ညီ စိတ်​မဆင်းရဲ​စေရဘူး မျက်​ရည်​​တွေ မကျ​စေရ​တော့ဘူး......

အချိန်​ကြာကြာ သူ ငြိမ်​သက်​​နေပြီးမှ သူ့လိုပင်​ ငြိမ်​သက်​​နေ​သော မြတ်​​သောကို သတိထားမိသွားသည်​။ဒီ​ကောင်း​လေး
ကြည့်​ရသည်​မှာလဲ စိတ်​သ​ဘောထား​ကောင်းပုံရကာ
အဏ္ဏဝါ ကို ​တော်​​တော်​ သံ​ယောဇဉ်​ရှိပုံရပါသည်​။

"ညီ​လေး အဏ္ဏဝါ နဲ့ခင်​တာ ကြာပြီလား"

မြတ်​​သော၏ ​ဘေးတွင်​ထိုင်​ရင်း သူ​မေသည့်​အခါ မြတ်​​သောက ​ခေါင်း​လေးညိမ့်​၏။ ဘာစကားမှ​တော့ မ​ပြောပါ​လေ။

Anawar (Completed) Where stories live. Discover now