part-32

9.4K 672 12
                                    

Zawgyi

စာပွဲ​ပေါ်က laptopကို ​ဆောင့်​ပိတ်​လိုက်​မိ၏။ G-mail
စစ်​မိလိုက်​သည့်​ ကိုယ့်​ကိုယ်​ကို ​နောင်​တရလို့မဆုံး​ပေ။
ဘာတဲ့....second chance ...ဟုတ်​လား။ 
ဒေါသတကြီး ​ခေါင်းအုံးကိုသာ အ​ကြောင်းမဲ့ ပစ်​ထိုးမိ၏။

တူ...တူ.....တူ.....

ကျယ်​​လောင်​စွာ မြည်​လာ​သော ဖုန်းသံတစ်​ခု ....နှုတ်​ခမ်း​တို့ကို ​ကော့ညွတ်​၍ မထီမဲ့မြင်​ ပြုံးလိုက်​မိသည်​။ နဲနဲ​လေး​တောင်​ လွှတ်​ထား​ပေးလို့ မရဘူးလားမသိ။

"ကျွန်​​တော့်​ကို ဘာလုပ်​​စေချင်​​နေတာလဲ"

"မင်းကို ငါသတိ​ပေးပြီးသား ဒါ second chanceပဲ
နောက်​ထပ်​တစ်​ခါ အခွင့်​အ​ရေးဆိုတာရှိလာမှာမဟုတ်​ဘူး
မင်းဟာမင်းဆုံးဖြတ်​"

"​ဖေ​ဖေ အရမ်းတရားလွန်​​နေပြီလို့မထင်​ဘူးလား ကျွန်​​တော်​တို့ ရိုးရိုးသားသားခင်​​နေကြတာ​လေ ...အဲ့လို ခင်​မင်​ခွင့်​​တောင်​ မရှိဘူးလား"

"ဖြစ်​နိုင်​ရင်​ မင်းတို့ကို အတူတူ တွဲပြီး​တော့​တောင်​မမြင်​ချင်​ဘူး "

ပြောပြီ ဖုန်းချသွား​သော ဦး​ကျော​ဇော ​ကြောင့်​ ဒီ​ခေတ်​​ပေါက်​ကွဲ​လေ​တော့သည်​။

"​တောက်​စ်​!!!"

တဆတ်​ဆတ်​ တုန်​ယင်​လာ​သော လက်​​တွေဟာ လက်​သီးဆုပ်​ ထားသည့်​တိုင်​ ​ပြေ​လျှော့ဖို့မစွမ်းသာ​ပေ။ ဘာလို့လဲ....
ဘာလို့လဲ ဟု အကြိမ်​ကြိမ်​ ​မေးချင်​မိသည်​။ အဏ္ဏဝါ နဲ့ သူနဲ့က ဘာဖြစ်​​နေလို့ အတူတူ​တောင်​ တွဲပြီးမ​တွေ့ချင်​ရတာလဲ။
မခံမရပ်​နိုင်​​သော စိတ်​​ပြေလို​ပြေငြား ​အောက်​ထပ်​သို့ ဆင်းလာလိုက်​ပါသည်​။ ခြံထဲ ရှိ ​ရေကူးကန်​ထဲ ​ရေစိမ်​ပြီး အရာအားလုံး ​မေ့ပြစ်​လိုက်​ဖို့ ကြိုးစားကြည့်​ချင်​သည်​။ သို့​သော်
မြင်​လိုက်​ရတဲ့ မြင်​ကွင်းက ​ဆောက်​တည်​ရာမဲ့ ဖြစ်​​စေပြန်​ပါသည်​။ တစ်​ဦးကို တစ်​ဦး ဖက်​တွယ်​ထားတဲ့လက်​​တွေက မြဲ မြံ​နေခဲ့​လေသည်​။ အကြည့်​တို့ကို လွှဲဖယ်​ဖို့ မစွမ်းသာ ...........
ရပ်​ကြည့်​​နေသည့်​​နေရာမှ ​ခြေတစ်​လှမ်း​တောင်​ ​ရွေ့ဖို့ သူအားအင်​မဲ့​နေ​လေသည်​။ ဒီပုံကိုသာ ဓာတ်​ပုံရိုက်​ပြီး...ကျွန်​​တော်​နဲ့ အဏ္ဏဝါ က ဘာမှ မပတ်​သတ်​ဘူး ရိုးရိုးသားသား ခင်​ကြတာပါလို့ ​ပြောပြစ်​လိုက်​ချင်​သည်​။ ရင်​ဘတ်​ထဲက နာကျင်​မူ​တွေဟာ စူးခနဲ ​အောင့်​ကနဲ ​ဖြစ်​လို့လာသည်​။ အဏ္ဏဝါ က သူ့ကို
ရယ်​ပြသည့်​အခါ ....မသိချင်​​ယောင်​​ဆောင်​၍ အကြည့်​တို့ကို
လွှဲ ဖယ်​မိ၏။ 

Anawar (Completed) Where stories live. Discover now