Part-20

10.4K 787 2
                                    

Zawgyi

ခြံဝန်းကျယ်​ကြီးမှ ပြန်​ထွက်​လာပြီး​နောက်​ လမ်း​ပေါ်​ရောက်​သည်​နှင့်​ Taxiငှါးကာ ဘယ်​ကိုဦးတည်​ရမည်​မသိသဖြင့်​ ကားသွားသည့်​​နောက်​သာ ​ရှေး​ခေတ်​ ငြိမ်​၍လိုက်​​နေမိသည်​။ ကားသမား၏ " ဘယ်​ကို ​မောင်း​ပေးရမလဲ "ဟူ​သော စကားကိုပင်​ သူမကြားပဲ စိတ်​တို့သည်​ ဟိုမှာသည်​မှာ ​လွင့်​​မျှော၍
နေ​လေသည်​။

ဘယ်​ကိုသွားပြီး ဘယ်​​နေရာမှာရှာရမှာလဲ အဏ္ဏဝါ ။
မင်းဘယ်​မှာရှိ​နေတာလဲ...​ဒီ​ခေတ်​ကို အရှက်​ရ​အောင်​ လုပ်​တာမင်းလား....မင်းလုပ်​သင့်​တယ်​ မင်းမမှားဘူး...မင်းမှန်​ပါတယ်​ ...မင်း​လောက်​​တောင်​ သတ္တိမရှိတဲ့ ငါ့ကိုယ်​ငါ အရမ်း
မုန်းတယ်​။ မင်းလုပ်​တာမှန်း သိလို့​နေမှာပါ ဒီ​ခေတ်​က မင်းအ​ကြောင်း တစ်​ခွန်းမှမ​ပြောဘူး....မင်းမှန်းသူများ​တွေကိုမသိ​စေချင်​ဘူးထင်​ပါရဲ့ ငါအပါအဝင်​​ပေါ့။ ဒါ​ပေမယ့်​ အခုဘယ်​လိုလုပ်​မလဲ ​ကောက်​ရိုးပုံထဲ မီး​ပစ်​ထည့်​လိုက်​သလိုပဲ ​နောက်​ဆက်​တွဲက တစ်​ဟုန်းဟုန်း​တောက်​​လောင်​​တော့မယ်​။
မင်းနဲ့ငါ နားလည်​မှု ​တွေလွဲ​နေတာကို အမြန်​​ဖြေရှင်းမှရမယ်
အဏ္ဏဝါ...မင်းအခု ဘယ်​ဆီမှာရှိ​နေမလဲ ။မင်း​ရှိတဲ့​နေရာ
ကို ဒီ​ခေတ်​သိ​လောက်​တယ်​ မလား ...။

သို့​ပေမယ့်​ ဒီ​ခေတ်​ တစ်​​ယောက်​ ဖျား​နေသည့်​ကြားမှ စိတ်​​သောကထပ်​​ရောက်​​နေမည်​စိုး၍ သူမ​မေးချင်​သဖြင့်​ ဒီ​ခေတ်​သူငယ်​ချင်း ​လေ​ပြေ​သွေး များ  သိ​လေမလားဟု ​တွေးမိကာ.......

"ဦး​လေး  အက္ခရာကုမ္ပဏီကို ​မောင်း​ပေးပါ"

ကားသမားသည်​ သူသွား​နေသည့်​ ​နေရာနှင့်​လမ်း​ကြောင်း
ပြောင်းသွား၍ထင်​သည်​ မျက်​နှာ​လေးအနဲငယ်​အိုစာသွား​သော်​လည်း ​သူ့ကို ​ခေါင်း​လေးငြိမ့်​ပြကာ ကားကို​ကွေ့လိုက်​ပါသည်​။
ငယ်​ငယ်​ကတည်းကပင်​ ဒီ​ခေတ်​နှင့်​​လေ​ပြေက တပူးတွဲတွဲရှိ​နေသည်​ကို ​ရှေး​ခေတ်​သိပါသည်​။ ဒီ​ခေတ်​သည်​ ​တော်​ရုံ သူ့ကိုမ​ပြောပြဖြစ်​သည့်​ ကိစ္စ​တွေကိုဆို ​လေ​ပြေ့ကို​ပြောပြတတ်​သည်​။ အထူးသဖြင့်​ ဒီ​ခေတ်​ gayဖြစ်​​နေသည်​ကို ​သူ့ထက်​အရင်​ ​လေ​ပြေ့ ​ပြောပြတာမျိုး​ပေါ့​လေ။ ဒီကိစ္စ လည်း အကုန်​မဟုတ်​ရင်​​တောင်​ ​လေ​ပြေက အနဲအကျဉ်း​တော့ သိ​လောက်​မှာပါ​......​ပြောပြ​လောက်​မှာ​ပါ​လေ။

Anawar (Completed) Where stories live. Discover now