Part-31

9.8K 668 17
                                    

Zawgyi

"မမပန်​ ​အဲ့လိုကြီးပဲ မ​နေနဲ့​လေ အစား​လေးဘာ​လေး စားပါအုံး"

"​ပါးပါး သတိ​တော့ ပြန်​ရလာမှာ​နော်​...ဟုတ်​တယ်​မလား
ပါးပါး အရင်​လိုပဲ လမ်း​တွေပြန်​​လျှောက်​မှာမလား ပန်​ပန်
ဆိုးသမျှ သည်းခံအုံးမယ်​မဟုတ်​လား ပန်​ပန့်​ ကို ချစ်​အုံးမယ်
မလားဟင်​"

ပြောရင်းပင်​ မျက်​ရည်​ကကျလာပြန်​သည့်​သူမသည်​ ​ဆေးရုံကြီးရဲ့အခန်းထဲ comaဝင်​ကာ လှဲ​လျှောင်​​နေသည့်​ ဦးဥက္ကာ ​ကျော်​၏ လက်​တစ်​ဖက်​အား ဆုပ်​ကိုင်​ရင်း ယူကျုံးမရဖြစ်​လို့်
နေသည်​။ တစ်​ဖန်​ ​ဆေးရှိန်​ဖြင့်​ အိပ်​​ပျော်​​နေ​ပြီးလက်​တစ်​ဖက်​မှာ ​ကျောက်​ပတ်​တီး​တွေ စီး​နှောင်​ထားရသည့်​ သူမ​မေ​မေကို
ကြည့်​မိသွားပြန်​၏။

"​မေ​မေ့ လက်​​တွေလည်း အမြန်​ပြန်​​ကောင်းလာမှာမလား
မြတ်​​သော ငါ့ကို​ပြော ​မေ​မေ့လက်​​တွေ ပြန်​​ကောင်းလာမာမလား"

မြတ်​​သောသည်​ စကားမဆိုနိုင်​ပဲ တိတ်​ဆိတ်​ ၍သာ​နေ​နေမိ၏။ ​အော်​ဟစ်​​ငို​ကြွေးခြင်းမဟုတ်​​သော်​လည်း တစ်​လိမ့်​လိမ့်​စီးဆင်းလာ​သော မျက်​ရည်​ဥများကို ဖယ်​သုတ်​​ပေးရင်း
ပန်​ပန့်​ ပုခုံး​လေးကို သိုင်းဖက်​​ပေးထားမိသည်​။

ကျွန်​​တော့်​ရင်​ခွင်​မှာ ​ငို​ကြွေးလိုက်​ပါ မ...ကျွန်​​တော်​ရင်​ခွင်​က
မ အတွက်​ ခွန်​အား​တွေ ​ပေးနိုင်​ရင်​ သိပ်​​ကောင်းမယ်​ကွယ်​။

Car accident ​ကြောင့်​ ကားဒရိုင်​ဘာက​တော့ ပွဲချင်းပြီး ​သေးဆုံးလျက်​ ပန်​ပန်​က​တော့ ​မိခင်​ရင်ခွင်​ကြား ကွယ်​ဝှက်​ ခံထားရသဖြင့်​သိပ်​ပြီးအထိမနာခဲ့ ...။သို့တိုင်​ အပြင်​ပန်း ဒဏ်​ရာ မရရှိ​သော သူမသည်​ စိတ်​ဒဏ်​ရာ​တော့ အကြီးအကျယ်​ရ​နေခဲ့သည်​။

မျက်​စိ​ရှေ့မှာ ဖြစ်​ပျက်​သွား​သောအရာ​တွေအတွက်​ သူမ စိတ်​တည်​ငြိမ်​ဖို့ အချိန်​အ​တော်​ကြာ ကြိုးစား​နေရသည်​။ မြတ်​​သော
သည်​ တစ်​​ယောက်​တည်း ဖြစ်​​နေ​သော သူမ​ဘေးနား တစ်​ဖဝါးမှ မခွာပဲ ​စောင့်​ကြည့်​​ပေး​နေခဲ့​လေသည်​။

Anawar (Completed) Where stories live. Discover now