Extra-5

13.5K 583 38
                                    

Zawgyi

ပါးစပ်​က​နေ ချစ်​တယ်​လို့ တစ်​ဖွဖွ​ပြော​နေမှချစ်​တယ်​လို့​ခေါ်တာမဟုတ်​ပါဘူး။ ကိုယ်​ချစ်​တဲ့သူဘာ​လေးပဲလုပ်​လုပ်​ အမြတ်
တနိုးရှိ​နေခြင်းဟာလည်း အချစ်​လို့အမည်​တွင်​ပါတယ်​။
အချစ်​ကိုသက်​​သေပြဖို့ ​ကောင်းကင်​ကဓူဝံကြယ်​ကို​တောင်
မင်းအတွက်​ဆွတ်​ခူး​ပေးနိုင်​တယ်​ဆိုတာ စိတ်​ကူးယဉ်​ အိမ်​မက်​ကမ္ဘာထဲမှာသာရှိတာပါ။ လက်​​တွေ့မှာ​တော့ ကိုယ့်​ချစ်​သူလိုချင်​တဲ့ ဖိနပ်​​လေးတစ်​ရံ​တောင်​ ပိုက်​ဆံမရှိရင်​ဖြည့်​ဆည်း
ပေးဖို့မလွယ်​ပါဘူး။ တို့နှစ်​​ယောက်​အတူယှဉ်​လက်​တွဲ ထမင်​ရည်​ပူ​တောင်​​သောက်​ရဲပါတယ်​ဆိုပြီး မိုက်​ရူးရဲဆန်​မိကာမှ
အိမ်​​ထောင်​ကွဲ​တွေဖြစ်​ကြရသည်​ကလည်း ဒုနဲ့​ဒေးပါပဲ​လေ။
တကယ်​​တော့ အချစ်​ဆိုတဲ့အရာက ချစ်​​နေရုံသီးသန့်​နဲ့လည်း
မပြီးဘူး ဘဝနှစ်​ခု​ပေါင်းဆုံဖို့ အတူတကွ နားလည်​မူ​တွေနဲ့
ကြိုးစားတည်​​ဆောက်​ဖို့လည်း လိုအပ်​ပါ​သေးတယ်​။ အဲ့ဒီအပြင်​ အသိုင်းအဝိုင်း ဆိုတာကြီးကလည်း ​ဘေးတစ်​ဖက်​ကပါဝင်
လို့​ပေါ့။ ဒါ​တွေကို ​အောင်​မြင်​စွာ​ကျော်​ဖြတ်​နိုင်​ရင်​​တော့
သေချာပါတယ်​ လှပတဲ့ချစ်​ခြင်​ကဗျာတစ်​ပုဒ်​ကို နှစ်​ကိုယ်​တူ
ရေးထိုးစီကုံးနိုင်​မှာပါ။

"ကိုကို မနက်​ဖြန်​မနက်​​စော​စော မဟာမြတ်​မုနိဘုရား သွားမယ်​​နော်​ ပြီးရင်​ ကုသိုလ်​​​တော်​သွားမယ်​.. ပြီးရင်​ hot pot
သွားစားမယ်​ ည​နေပိုင်း​တော့ ဥပိန်​မှာလမ်း​လျှောက်​မယ်
ညကျ ကျုံးဘက်​သွားမယ်​​နော်​"

အစီအစဉ်​ ​တွေ​ရေရွတ်​ပြ​​နေတဲ့ အဏ္ဏဝါ ဟာ သူ ည​နေစာပြင်​​ပေး​နေတာကို ထိုင်​​စောင့်​ရင်း တီတီတာတာ ​လျှောက်​​ပြော​နေခြင်းဖြစ်​ပါ၏။ ကျွန်​​တော်​တို့နှစ်​​ယောက်​အတွက်​​တော့ အခက်​အခဲဟူသမျှဖြတ်​​ကျော်​ပြီးသ​လောက်​ရှိ​နေပါပြီ။ အနာဂတ်​ကို
လှပသစ်​လွှင်​​အောင်​ ပုံ​ဖော်​နိုင်​ဖို့ နှစ်​ကိုယ်​တူ တတ်​နိုင်​သမျှ
ကြိုးပမ်းလုပ်​​ဆောင်​ခဲ့ကြတာကလည်း​အောင်​မြင်​သ​လောက် ရှိ​နေခဲ့ပါပြီ။

Anawar (Completed) Where stories live. Discover now