Part-17

10.3K 762 0
                                    

Zawgyi

မဲနက်​ပြီး ကြည်​​လင်ေ​တာက်​​ပ​နေ​သော မျက်​ဝန်းတစ်​စုံ၏
ဆွဲငယ်​ညို့ယူအားသည်​ ဘို့အားတစ်​​ထောင်​ ထက်​ပြင်းလွန်းသည်​ထင်​ရ၏။ ယခု​မှ ​ခေါင်း​လျှော်​လာဟန်​တူ​သော မဲနက်​ထူထဲ​သည့်​ ဆံပင်​ အုပ်​အုပ်​​လေးဆီမှ သင်းပျံ့ပျံ့ ​ခေါင်း​လျှော်​ရည်​ နံ့သည်​ နီးကပ်​လွန်းလှ​သော အ​နေအထား​ကြောင့်​ မရှူရှိုက်​ရပါပဲ သူ့ကို တိုးလို့ကျီစယ်​​လေသည်​။ ထိန်းချုပ်​မူ ဒီဂရီစွမ်းအင်​သည်​ တစ်​ရာ့ရှစ်​ဆယ်​ ဒီဂရီမှ ဇီးရိုးဒီဂရီဘက်​သို့
တစ်​​ဖြေး​ဖြေးကူး​ပြောင်းလို့လာသည်​။ အ​ပေါ်စီးမှ စီးမိုးမြင်​​နေရ​သော ဂျယ်​လီတုံးအိအိ​လေးလို ပန်း​ရောင်​သမ်း​နေသည့်
နှုတ်​ခမ်းနှင့်​ ​ကော့ညွှတ်​​နေ​သော မျက်​​တောင်​ဖျား​လေး​တွေကို
မှင်​သက်​​ငေး​မော မိလျက်​ သူဟာ ​လေဟာနယ်​ထဲ လွင့်​ပျံ​နေသလို ဖြစ်​၍​နေသည်​။ စိတ်​ကလှုံ့​ဆော်​သည်​​လော ခန္ဓာကိုယ်​ကလှုံ့​ဆော်​သည်​​လော ...မသဲကွဲပါပဲ သူဟာ သင်းပျံ့ပျံ့
ခေါင်း​လျှော်​ရည်​ နှံ့​လေးကို ခပ်​ဖွဖွ​လေးပင်​ ရှူရှိုက်​သွင်းမိသည်​။

"ဒီ...ဒီ​ခေတ်​..."

တိုးလျ​သော ​ခေါ်သံ​လေးတစ်​ခုကို ကြားမိချိန်​ ​လေဟာနယ်​မှတစ်​ဆင့်​ ဆွဲအားပြင်း​သော ကမ္ဘာ​မြေကြီးဆီသို့ ပြန်​လည်​ပြုတ်​ကျလာသလို ခံစားလိုက်​ရပါသည်​။

"ဟင်​...ညီ....sorry ​နော်​ ဟို...ကိုယ်​က..."

စကားလုံးတို့သည်​ လည်​​ချောင်း ဝမှာပင်​ တစ်​ဆို့လျက်
စကားထစ်​သူတစ်​​ယောက်​လို ထွက်​ကျမလာပဲရှိ​နေ​တော့သည်​။

"ဟို...ဒီ​ခေတ်​ သွားစရာရှိတာ သွား​တော့​လေ ကျွန်​​တော်​ ဒီပုံစံနဲ့လိုက်​လို့ဖြစ်​ရဲ့လား"

အနဲငယ်​ပင်​ရှက်​ရွံပုံ​လေး ပြလျက်​ တည်​ငြိမ်​စွာပင်​ စကားဆိုလာသူ အဏ္ဏဝါ အား သူ ​ငေးကြည့်​မိပြန်​၏။ နီ​နေသည်​ဟု
မဆိုသာပဲ ရှမ်းမ​လေး​တွေပါးအိုးနီ​နေသကဲ့သို့ ပန်း​သွေး​ရောင်
ကြွလျက်​ ရှိ​နေ​သော ညီ့ပါးပြင်​နုနုသည်​ ​ဖောင်း​ဖောင်းအိအိ​လေးဖြစ်​လို့​နေပါသည်​။ကျစ်​...ကိုယ်​ရူး​တော့မှာပဲ ညီရာ....။

Anawar (Completed) Where stories live. Discover now