part-18

9.7K 746 3
                                    

Zawgyi

အဆက်​မပြတ်​မြည်​​နေ​သော ဖုန်း​သံ​ကြောင့်​ မထချင်​​သော်​လည်း ဒီ​ခေတ်​ နိုးလို့လာပါသည်​။ မျက်​ခုံး​ကြော​လေးနှစ်​ခုအား စုကြုံ့လျက်​ ဘယ်​နားထားခဲ့သည်​မသိ​သော ဖုန်းအား လက်​လှမ်း၍ အသဲအသန်​ပင်​ လိုက်​ရှာမိသည်​။

အိပ်​​နေပါတယ်​ဆို ...ဒုက္ခ​ပေးလိုက်​တဲ့ ဖုန်းကွာ။ စိတ်​ထဲမှပင်
မြည်​တွန်း​တောက်​တီးမိ​တော့သည်​။ဟိုဟိုဒီဒီ လိုက်​စမ်းရှာ​နေမိပြီး​နောက်​ ​ထိမိသွား​သော ဖုန်းကိုမျက်​လုံးတို့ မဖွင့်​ပဲ စိတ်​မရှည်​စွာပင်​ ကိုင်​လိုက်​ပါသည်​။

" ဘယ်​သူလဲ ကွာ ​စော​စောစီးစီး"

"​အေ မင်းအ​ဖေပဲ"

"အ..​ဖေ...."

ဘီလူးဆိုင်းတီသံဟုဆိုရ​လေမလား ရုတ်​တရက်​​ဆောင့်​ဝင်​လာ​သော အသံ​ကြောင့်​သူ သည်​ဆွံ အ လျက်​ အ​ဖေဟု​ခေါ်သည်​ပင်​ ထစ်​​ငေါ့လို့​နေသည်​။

" ငါ့မှာ ဒီလို​စောက်​သုံးမကျတဲ့သား​​တွေ ရှိ​နေတာ အံ့သြလို့မဆုံးဘူး အရှက်​မရှိတဲ့​ကောင်​ မင်း ခုချက်​ချင်း
ပြန်​လာခဲ့စမ်း !!!"

ဒေါသမီး​တောက်​​လောင်​​နေသည်​မှာ သိသာ​လှ​သော ဖခင်​ဖြစ်​သူသည်​ သူ၏ မနက်​ခင်းသည်​ ရှုပ်​​ထွေးလို့သွားရ​စေပါသည်​။ ဖခင်​ ဖြစ်​သူ၏ ဖုန်းသည်​ တီးခနဲ ကျသွားခြင်းနှင့်​အတူ
နောက်​ဖုန်းတစ်​လုံးသည်​ အ​ပြေးပြိုင်​ပွဲ ဝင်​သည့်​အလား
မြည်​လာပြန်​သဖြင့်​ ကိုင်​လိုက်​ပြန်​​တော့ ​ရှေး​ခေတ်​အသံသည်
စိုးရိမ်​ပူပမ်​စွာ ထွက်​​ပေါ်လာ၏။

"ဒီ​ခေတ်​ မင်း အဆင်​​ပြေလား"

သူ တစ်​ခုခုဖြစ်​၍ ပူပမ်​​နေသည့်​အသံမှန်းသိသာ လှ​သော်​လည်း သူ ဘာဖြစ်​လို့ဖြစ်​​နေသည်​ကိုပင်​ သူ့ကိုယ်​သူ ​သေချာမသိ​ပေ။

"ငါက ဘာဖြစ်​လို့အဆင်​မ​ပြေရမှာလဲ "

သူ​ပြော​တော့ ​ရှေး​ခေတ်​အသံက အံ့သြစွာ...

"ဟင်​..မင်းမသိဘူးလား "

"ဘာကိုသိရမှာလဲ"

Anawar (Completed) Where stories live. Discover now