Part-13

11K 828 6
                                    

Zawgyi

"တီး....."

"ဟလို"

"​လေးငယ်​လား"

"အင်​"

"ဘာလုပ်​​နေတာလဲ အိမ်​ပြန်​မလာဘူးလား အန်​တီ စိတ်​ပူ​နေတယ်​"

"အင်​"

"ဘာဖြစ်​​နေတာလဲ "

"လူသတ်​ချင်​စိတ်​​ပေါက်​​နေတယ်​"

"ကျွန်​​တော်​ ​လေးငယ်​တို့ ကုမ္ပဏီ ​ရှေ့​ရောက်​​တော့မယ်​"

"ဟင်!!!!ငါ ကုမ္ပဏီ မှာမဟုတ်​ဘူး"

"ဘယ်​မှာလဲ ကျွန်​​တော်​လာခဲ့မယ်​"

"မလာနဲ့ မင်းကို ငါ​တွေ့ပြီ !!!"

ဖုန်း​ပြောရင်း ခပ်​လှမ်းလှမ်းမှာရပ်​​နေ​သော မြတ်​​သော ဆီသို့ သူ​ပြေးသွားလိုက်​ပါသည်​။ မြတ်​​သောက သူ​ပြေးလာတာမြင်​​တော့ မျက်​ခုံး​လေးနှစ်​ဖက်​ စုကြုံ့ကာ ကြည့်​​နေ​လေသည်​။

"ဘာလို့​ပြေးလာတာလဲ "

"ဘာလာလုပ်​တာလဲ "

နှစ်​​ယောက်​သား ​မေးခွန်း​တွေကပြိုင်​တူပင်​ထွက်​​ပေါ်လာပြီး​နောက်​....

"ငါ​မေးတာအရင်​​ဖြေ"

"ကျွန်​​တော်​​မေးတာအ​ရင်​​ဖြေ"

"ဟာ...ကျစ်​"

ပြောတာချင်းကတူ​နေပြန်​သဖြင့်​ နှစ်​​ယောက်​လုံး ကျစ်​သက်​ရင်း ရယ်​မိကြ​တော့သည်​။

"အငယ်​ကို အကြီးက ဦးစား​ပေးရတယ်​တဲ့ ကျွန်​​တော်​က အငယ်​ဆို​တော့ ​ဦးစား​ပေးတဲ့အ​နေနဲ့ ​လေးငယ်​က ကျွန်​​တော်​​မေးတာအရင်​​ဖြေ"

"ဆိုင်​လို့လား"

"ဆိုင်​တယ်​!!!!​လေးငယ်​ ကုမ္ပဏီ ထဲမှာ မ​နေပဲ အပြင်​မှာဘာလုပ်​​နေတာလဲ"

"​ပြောပြီးပြီ​လေ လူသတ်​ချင်​​နေတယ်​လို့"

မြတ်​​သောက သူ့ကို စူးစိုက်​ပြီးကြည့်​လာသဖြင့်​ သူမြတ်​​သောနှင့်​ မျက်​လုံးချင်းမဆုံမိ​အောင်​​ရှောင်​လိုက်​ရပါသည်​။

"ငိုထားတာလား"

ကျစ်​...မိသွားပြန်​ပြီ။ ဒီအရူး​လေးနဲ့ဆို သူလိမ်​လို့ကိုမရဘူး။
ဒါ​ပေမယ့်​ မြတ်​​သောနဲ့ အတူရှိတဲ့အချိန်​တိုင်း သူစိတ်​သက်​သာရာရသလို ခံစားရတာ​တော့အမှန်​ပင်​။

Anawar (Completed) Onde as histórias ganham vida. Descobre agora