Part-26

10.6K 724 24
                                    

Zawgyi

အဏ္ဏဝါနှင့်​ မြတ်​​သောသည်​ တစ်​ဖက်​က ဖုန်း​ပြောသံကို​တော့မကြားရ​ပေ။ သို့​သော်​ ဒီ​ခေတ်​ တစ်​ခုခု လုပ်​​တော့မည်​ကို ​တော့ သိလိုက်​ကြ၏။ အဏ္ဏဝါ သည်​ ဖုန်း​ပြောပြီးသည့်​​နောက်
အိမ်​ထဲသို့ ပြန်​ဝင်​ရန်​လှည့်​လာ​သော ဒီ​ခေတ်​​ရှေ့သို့ ရပ်​လိုက်​၏။

"ဒီ​ခေတ်​ ဘယ်​သွားမလို့လဲ "

ဒီခတ်​သည်​ အဏ္ဏဝါ ကိုမြင်​​တော့ လန့်​သွားကာ ​မ​ဖြေချင်
သဖြင့်​ အူလည်​လည်​လုပ်​​နေ​လေသည်​။

"ဘယ်​မှမသွားပါဘူး "

"မယုံဘူး"

မျက်​လုံး​လေး ကလယ်​ ကလယ်​နှင့်​ ​ဒီ​ခေတ်​​ဖြေသည်​ကို အဏ္ဏဝါ က ​ကျေနပ်​ပုံမရပါ။

"အာ...ဟို ဒီနား​လေးပဲ ကိုယ်​သွားစရာရှိလို့ သွားလိုက်​အုံးမယ်​​နော်​"

"​နေအုံး"

ယောင်​လည်​လည်​ ​လေးနှင့်​ ထွက်​သွားဖို့ကြံ​နေ​သော ဒီ​ခေတ်​ကို မြတ်​​သောက အ​ရှေ့မှပိတ်​ရပ်​ကာ လက်​ပိုက်​၍ သွားရဲရင်​သွားကြည့်​ဆိုသလိုမျိုး ​မေး​လေး​ငေါ့ပြ၏။ အဏ္ဏဝါ က​တော့ ဒီ​ခေတ်​ရဲ့ လက်​ကို လှမ်းဆွဲတာမမှီသဖြင့်​ အင်္ကျီစကို ပြန်​ဆွဲ​တော့ဒီ​ခေတ်​ ကျစ်​ သတ်​လေသည်​။ ဒီခ​လေး​တွေ ​နေရာတကာ
ဝင်​မပါသင့်​ဘူး​ဆိုတာ မသိဘူးလာ​လေ။

"လွှတ်​ပါ လွှတ်​ပါ အဏ္ဏဝါ ရာ တကယ်​ ကိုယ်​ဘာမှမလုပ်​ဘူး
ကိုယ်​ ဒီနား​လေးပဲ ခဏ သွားမှာ"

"ယုံတမ်းစကား​တွေ သိပ်​​ပြော​တတ်​​နေပါလား ဒီ​ခေတ်​ ကျွန်​​တော်​က ခင်​ဗျား​ပြောတာ ယုံရ​အောင်​ တုံးအ​နေတာလည်းမဟုတ်​ နားနဲ့ ဆတ်​ဆတ်​ကြားခဲ့တာ ဒီနားခဏသွားရုံနဲ့ ပြီးသွားမယ့်​ ကိစ္စ မဟုတ်​​လောက်​ဘူး"

အဏ္ဏဝါ သည်​ ဒီ​ခေတ်​ ငြင်းမရ​အောင်​​ပြော​​လေ​သောအခါ ဒီ​ခေတ်​မှာ အ​နေခက်​လာ​လေသည်​။

"ကိုဒီ​ခေတ်​ မ​ပြောရင်​ ဒီနားက​နေ သွားရမယ်​မထင်​နဲ့​နော်
ပြီး​တော့ ကိုဒီ​ခေတ်​သွားရင်​ ကျွန်​​တော်​လည်း လိုက်​မှာ
ကျွန်​​တော်​ သွားစရာရှိတယ်​"

Anawar (Completed) Where stories live. Discover now