Part-37

8.4K 606 22
                                    

Zawgyi

ထွက်​သွား​သော ဒီ​ခေတ်​နဲ့ မြတ်​​သော၏ ​ကျောပြင်​ကို ​ကြည့်​ရင်း ​ရှေး​ခေတ်​ ​နေမထိ ထိုင်​မသာ ဖြစ်​လို့​နေပါသည်​။
သုံး​လေး ရက်​အတွင်း သူတို့နှစ်​​ယောက်​ဟာ အပူတွဲတွဲဖြင့်
ကိစ္စတစ်​ခုကို အတူတူ အသည်းအသန်​ ရှာ​ဖွေ​နေဟန်​ရှိ၏။
ခြေဖျားကို ဖွဖွနင်းရင်း ဒီ​ခေတ်​အခန်းထဲ ခိုးဝင်​မိသည်​။
ဘာ​တွေရှာ​ဖွေ​နေကြသည်​လည်း သူသိချင်​လာ၏။
အခန်းထဲ​ရောက်​​တော့ ဒီ​ခေတ်​ရဲ့ laptopကို ဖွင့်​လိုက်​ပြီး
ရှာ​ဖွေကြည့်​သည်​ ။ သို့တိုင်​ ...ဘာကိုမျှမ​တွေ့ရ​ပေ။

သူ လက်​မ​လျှော့နိုင်​စွာ ဆက်​လက်​ရှာ​ဖွေကြည့်​မိသည်​။ ထိုစဉ်​ fileတစ်​ခုကို pwများဖြင့်​ခတ်​ကာ သိမ်းထားသည်​ကို
တွေ့လိုက်​ရပါသည်​။ pw​နံပါတ်​သည်​ ​ဒီ​ခေတ်​​မွေး​နေ့လား၊
ဖုန်းနံပါတ်​လား...စမ်း၍ ထည့်​ကြည့်​မိသည်​။ သို့​ပေမယ့်
တစ်​ခုမှမဟုတ်​....​နောက်​ဆုံး ဟုတ်​ပါ့မလားဟု​တွေကား
မေ​မေ့ ​မွေး​နေ့ကိုထည့်​ကြည့်​လိုက်​ပါသည်​။ ကံ​ကောင်းစွာပင်
Pwက ပွင့်​သွားခဲ့​လေပြီ။ ပုံမှန်​ဆို ဒီ​ခေတ်​သည်​ ​မေ​မေ့ကို
အမြင်​မကြည်​​တတ်​​ပေမယ့်​ ခုရက်​ပိုင်း ​မေ​မေ​ပျောက်​​နေသည့်
ကိစ္စနှင့်​များ ဆက်​စပ်​​နေမလား​တော့မသိ​ပေ။

File ပွင့်​သွားသည်​နှင့်​ ​ပေါ်ထွက်​လာ​သော ဓာတ်​ပုံတစ်​ချို့
Vedio file ။ ​ရှေး​ခေတ်​ တစ်​ခုချင်းစီးကို ​သေချာကြည့်​လိုက်​သည်​ ။ ဘယ်​သူ​တွေလဲဆိုတာမ​သေချာမ​ရေရာ ​ပေမယ့်
မသကာင်္စရာ ​မှောင်​ခို ​ရောင်းဝယ်​မူတစ်​ခုနဲ့တူ၏။ သူကြည့်​ရင်း ကြည့်​ရင်း ဖြင့်​ ...​နောက်​ဆုံး ဓာတ်​ပုံတွင်​ ဖခင်​၏ ပုံကို
တွေ့လိုက်​ရသည်​။

ဒါ....ဒါက ...ဘယ်​လိုဖြစ်​ရတာလဲ။

သူမ​တွေးနိုင်​​အား အမြန်​အဆန်​ပင်​ အ​ရှေ့က​ကျော်​မိသွားသည့်​ ပုံ​တွေကိုပြန်​ကြည့်​လိုက်​သည်​။ ဒါ မူးယစ်​​ဆေးဝါး
ရောင်းဝယ်​မူဖြစ်​ပြီး အဲ့ထဲတွင်​ ​ဖေ​ဖေ ပါဝင်​​နေသည်​။
ဒီ​ခေတ်​ကို ကြည့်​​ရသည်​မှာ ဒီ​နေ့ ဆုံဖြတ်​ချက်​တစ်​ခုကို
အခိုင်​အမာ လုပ်​မည့်​ပုံရသည်​။ သို့နှင့်​ ​ရှေး​ခေတ်​သည်
ဒီ​ခေတ်​တို့ ဘယ်​သွားသည်​လည်း သိချင်​သဖြင့်​ ဆက်​လက်
ရှာ​ဖွေကြည့်​မိသည်​။အခုချိန်​တွင်​ ​ရှေး​ခေတ်​သည်​ မိမိ​ရှေ့မှ
Laptopအား စိတ်​မရှည်​စွာ တစ်​စစီချိုးဖဲ့ပစ်​ချင်​စိတ်​​တွေ
ပေါက်​​လာေ​နေပြီ။ သူအသည်းအသန်​ရှာ​ဖွေ ပြီးချိန်​မှာ​တော့
ဒီ​ခေတ်​၏ e mailတွင်​ စာဝင်​​နေသည်​ကို ​တွေ့လိုက်​ရသည်​။

Anawar (Completed) Where stories live. Discover now