Part-7

12.3K 909 16
                                    

Zawgyi

စိတ်​ကို မနဲထိန်းရင်း အက္ခရာ ကုမ္ပဏီ မှ သူအမြန်​ပြန်​ထွက်​ခဲ့ရပါသည်​။ ​​အခု​လော​လောဆယ်​ သူ့​ဒေါသ​တွေ​ဖြေ​ဖျောက်​ဖို့ တစ်​ခုခုလုပ်​ဖို့်​လိုအပ်​​နေသည်​။ ​အေးတိ​အေးစက်​နိုင်​လွန်းသူဟု ထင်​ရ​ပေမယ့်​ သူဟာ ​​စိတ်​အလွန်​ကြီးသူတစ်​ဦးပါ။

"​တောက်​(စ်​) ဒီရုပ်​ဒီ​ရေကို​လေ မမှတ်​မိဘူးလား မိဘ နာမည်​မှာ ​အ​ဖေနဲ့အ​မေနာမည်​ ပြူးပြဲ​နေတာ​လေ ​သေချာဖတ်​ပြီး မမြင်​ဘူးလား ဘာလို့ ငါ့အသက်​26ကိုပဲ မြင်​ရတာလဲ ​​တောက်​စ်​"

လမ်း​ပေါ်မှာ​တွေ့သည့်​ အချိုရည်​ဘူးခွံအား အားပါးတရ​ဆောင့်​ကန်​ပြစ်​လိုက်​သည်​။ မ​ပြေ​သော စိတ်​ကြီးမူ့​တွေကအစိုးမရ​တောက်​​လောင်​​နေပြန်​၏။

"ညီတဲ့ ရွံစရာ မနက်​က စားခဲ့တဲ့ ထမင်း​တောင်​ ပြန်​အန်​ချင်​စိတ်​​ပေါက်​တယ်​။ လစာများ​နေလို့သာ​ပေါ့ မဟုတ်​ရင်​ ခင်​ဗျားဆီမှာ လုံးဝမလုပ်​ဘူး"

လွယ်​အိတ်​ကြိုးကို ​​ဒေါသတကြီးမာန်​ပါစွာ ကိုင်​ထားမှန်းသိသာလှစွာ သူ့လက်​​ကြော​လေး​တွေ​ထောင်​​နေ၏။အက္ခရာ ကုမ္ပဏီ မှာ အလုပ်​သွား​လျှောက်​ဖို့ သူ​တော်​​တော်​ကြီးအားတင်းထားခဲ့ရတာပါ။ အလုပ်​မ​လျှောက်​ခင်​ တခြားဘယ်​​နေရာမှာများ ​ခေါ်​သေးလဲ သူရှာ​ဖွေကြည့်​​သေးသည်​။ facebookဖွင့်​ပြီး ​အလုပ်​​ခေါ်တဲ့​နေရာ​တွေလည်း စုံးစမ်းကြည့်​ပါသည်​။
သို့​သော် ​ခေါ်သည့်​အလုပ်​​တွေသည်​ တစ်​ချို့က ကုမ္ပဏီ ​သေး​သေး​လေး​တွေဖြစ်​ပြီး တစ်​ချို့က အ​ဆောက်​အဦး တစ်​လုံးစာ​လောက်​သာ​ခေါ်​နေကြသည်​။

အက္ခရာ ကုမ္ပဏီ ထက်​သာသည့်​ကုမ္မဏီအား ရှာ​ဖွေမ​တွေ့သည့်​​နောက်​​တော့ သူ အလုပ်​​လျှောက်​ဖို့ မ​နေ့ကဖြဲယူခဲ့သည့်​ သတင်​စာ စာရွက်​အပိုင်း​လေးအား လွယ်​အိပ်​ထဲမှထုပ်​ယူလိုက်​ပါသည်​။လိပ်​စာ စာရွက်​အား phဆက်​ရမလား မဆက်​ရဘူးလားလဲ အကြာကြီး စဉ်းစား​နေခဲ့​သေးသည်​။

အက္ခရာကုမ္ပဏီဆို​ပေမယ့်​လည်း ငါ သိတဲ့အက္ခရာ ဟုတ်​ချင်​မှ ဟုတ်​မှာပါလို့အားတင်းရ​သေးသည်​။ တကယ်​လို့ သူသိသည့်​ အက္ခရာ ဆိုရင်​လည်း ငါးနှစ်​နီးပါး ​အောင်းအီးထားသမျှ
အားကုန်​သုံးကာ ဆွဲထိုးပစ်​လိုက်​မည်​ဟု အားခဲထားလိုက်​ပါသည်​။အခု​လော​လောဆယ်​ အလုပ်​ရဖို့ အ​ရေးတကြီး လိုအပ်​​နေ​သည်​​လေ။

Anawar (Completed) Where stories live. Discover now